ဇာတ်ကားများ ရွေးရန်

Possessed

2009ဇာတ်ကားWeb-dl 1080p

လျှို့ဝှက်ဆန်းကြယ်သရဲကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဆိုးလ်မှာအခြေကျဖို့ပင်ပန်းဆင်းရဲစွာကြိုးစားနေရတဲ့ ဂန်းဟီဂျင်းဆိုတဲ့ကောင်မလေးဆီကိုတစ်ညမှာတော့ ညီမလေးပျောက်သွားကြောင်း မိခင်ဖြစ်သူက‌လှမ်းဖုန်းဆက်ပါတော့တယ်။ အိမ်ကိုစိတ်ကုန်နေပေမဲ့ ညီမလေးကိုစိတ်ပူလို့ပြန်လာတဲ့အခါ အမေဖြစ်သူကဘာသာရေးအစွန်းရောက်စွာနဲ့ ရဲမတိုင်ဘဲဆုတောင်းဖို့ချည်းလုပ်နေတာသိခဲ့ရတယ်။ အမေကိုတားမရတဲ့နောက်မှာ သူကိုယ်တိုင်ရဲတိုင်လိုက်တော့လည်း ညီမဖြစ်သူဆိုဂျင်းကအိမ်ပြေးဖြစ်မယ်ဆိုတဲ့မှတ်ချက်ပဲပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ထူးဆန်းစွာနဲ့ပဲအိမ်နီးချင်းအမျိုးသမီး၊ တိုက်ရဲ့အစောင့်ဦးလေးကြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတဲ့အခါမှာတော့ စုံထောက်ကိုယ်တိုင်သံသယဝင်ပြီး စုံစမ်းရာကအမှုတွေကဆက်စပ်နေပြီး ဆိုဂျင်းပျောက်ဆုံးမှုနဲ့ပတ်သက်နေတာသိလိုက်ရတဲ့အချိန်မှာတော့ အမှုကိုသေချာလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဆိုဂျင်းကိုဝိညာဉ်ပူးနေတယ်လို့ပြောခဲ့ကြတဲ့လူတွေဆက်တိုက်ဆိုသလိုသတ်သေကုန်ပြီး တစ်ဖက်မှာ‌လည်း ပရလောကသားတွေလက်ချက်လို့ထင်ရတဲ့အခြေအနေမျိုးမှာ စုံထောက်ဟာ အယူသီးတယ်လို့ပဲစွပ်စွဲရမလား အခြေအနေကိုကြည့်ပြီးနားလည်လက်ခံလိုက်ရမလားဗျာများနေပါတော့တယ်။ မိခင်ဖြစ်သူက‌နေ့စဥ်ရက်ဆက်နေ့ရောညပါ ဘုရားကျောင်းကိုဆုတောင်းဖို့သွားရင်းပြန်လာတိုင်း ဟီဂျင်းကိုပါအတင်းတရားဆွယ်နေခဲ့သလို ညီမဖြစ်သူဝိညာဉ်ပူးတယ်ဆိုတဲ့အကြောင်းတွေကိုကြားလာရတဲ့အခါ ဟီဂျင်းတစ်ယောက်ဘယ်လိုဖြေရှင်းမလဲ။ စုံထောက်နဲ့ပေါင်းပြီး ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ ကြည့်ရင်းနဲ့စိတ်ဝင်စားလာစေပါတယ်။ ဒီဇာတ်ကားကိုကြည့်ရှုရင်း ဘယ်အရာမဆိုအစွန်းရောက်တာမကောင်းသလို ကိုးကွယ်မှုနဲ့အယူသီးမှုကွာခြားချက်ကို သိသိသာသာထင်ဟပ်အောင်ပြသပေးခဲ့တဲ့အတွက် အတွေးတစ်စုံတစ်ရာကျန်ခဲ့နိုင်မယ်လို့မျှော်လင့်ရင်းတင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသကတော့ Hnin Yee ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း