Roxana
ကြည့်ရတာမဆိုးလှတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Roxana ဆိုတဲ့ မလေးရှားသည်းထိပ်ရင်ဖိုဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အာရှသဘာ၀လွန်ရုပ်ရှင်တွေနဲ့ပတ်သတ်လာရင် မလေးရှားကလည်းသူ့အနေအထားနဲ့သူရှိတဲ့အတွက်ကြောင့် သည်းထိပ်ရင်ဖိုဇာတ်ကားကြည့်စရာရှာနေတဲ့သူတွေအတွက် ရှုစားသင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်တွေကတော့ အာမန်နဲ့ရိုဇန်နာဆိုတဲ့အတွဲနဲ့ တခြားသူငယ်ချင်း ၂ ယောက်အတွဲဖြစ်ပြီး သူတို့ထဲမှာ အာမန်ကတော့ နာမည်ကြီးတဲ့လက်ဝှေ့သမားတစ်ယောက်ဖြစ်ပါတယ်။ဒီညလည်းအနိုင်ပွဲကိုပိုက်ပြီး သူငယ်ချင်းတွေနဲ့အတူတူပြန်လာခဲ့ပေမဲ့ ကံဆိုးချင်တော့ရိုဇန်နာတစ်ယောက် စိတ္တဇသမားတစ်ယောက်ဖမ်းတာခံခဲ့ရပြီး အဓမ္မပြုကျင့်ခံရတော့မလိုဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့အာမန်တို့တွေရိုဇန်နာကိုအပြင်းအထန်လိုက်ရှာခဲ့ကြပြီး တွေ့တဲ့အခါမှာတော့ လက်ဝှေ့သမားပီပီတီးထည့်လိုက်တာ စိတ္တဇသမားအသက်တောင်မျော့မျော့ပဲကျန်ပါတော့တယ်။ဒီလိုနဲ့သူငယ်ချင်းတွေပြန်ကြမယ်လုပ်တုန်း ဖြစ်ချင်တော့ကားမောင်းတဲ့သူငယ်ချင်းက လဲနေတဲ့တရားခံကိုတက်ကြိတ်မိပြီးအသက်ငင်နေရာကနေတန်းရှောသွားပါတော့တယ်။အဲ့ဒါကြောင့်ဘာလုပ်ရမှန်းမသိတော့ပဲ သူငယ်ချင်းတွေတိုင်ပတ်နေခဲ့ကြပြီး ထွက်ပြေးဖို့ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ လူသတ်မိတဲ့အရိပ်မည်းကြီးအပြင် တခြားသောထိတ်လန့်စရာအတိတ်တွေကသူတို့ဆီကိုရောက်ရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုရှုစားရဦးမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း