The Santa Class
ခရစ္စမတ်ရောက်ပြီဆိုတော့ ပိတ်ရက်မှာ အပန်းပြေကြည့်လို့ရအောင် ၂၀၂၄ အသစ်ထွက် ခရစ္စမတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Kate ဟာ ဆန်တာကလော့စ်တွေကို လေ့ကျင့်သင်ကြားပေးတဲ့ လေ့ကျင့်ရေးကျောင်းတစ်ခုကို သူ့အဖေဆီကနေ လွှဲပြောင်းယူပြီး သူကိုယ်တိုင် ပိုင်ရှင်အနေနဲ့ ဦးစီးလုပ်ကိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာ သတိမေ့လျောနေပြီး မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ တကယ့် ဆန်တာကလော့စ် အစစ်အမှန်ကို Kate နဲ့ သူ့ကျောင်းရဲ့ လေ့ကျင့်ရေးဆရာဖြစ်တဲ့ Dan တို့က အမှတ်မထင် တွေ့ရှိခဲ့ကြပါတယ်။ Kate နဲ့ Dan တို့နှစ်ယောက်ပေါင်းပြီး တကယ့် ဆန်တာကလော့စ်အစစ်အမှန်ကို မှတ်ဉာဏ်တွေပြန်ရလာအောင် ကြိုးစားပေးရင်းနဲ့ ခရစ္စမတ်ဖလားလို့ခေါ်တဲ့ ပြိုင်ပွဲမှာ အခြား ဆန်တာလေ့ကျင့်ရေးကျောင်းတစ်ကျောင်းနဲ့ ယှဉ်ပြိုင်အနိုင်ယူဖို့ ကြိုးစားတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Aung Myat Tun ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း