ဇာတ်ကားများ ရွေးရန်

Gladiator II

2024ဇာတ်ကားWeb-dl 4K SDR

2000 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ လူကြိုက်လည်းများခဲ့တဲ့ Gladiator ဆိုတဲ့ရောမဇာတ်ကားကို 19 Born တွေဆိုရင်တော့ မှတ်မိကြဦးမယ်ထင်ပါတယ်။အခုခေတ်လူငယ်တွေနဲ့အလှမ်းဝေးပေမဲ့ အဲ့ဒီခေတ်အခါတုန်းက တကယ်စိတ်ဝင်စားစရာကောင်းခဲ့ပြီး ရိုက်ကွင်းတွေ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်း သေချာပြင်ဆင်ရိုက်ကူးထားတဲ့အတွက် IMDb မှာ Rating 8.5 အထိတောင်ရပ်တည်ထားနိုင်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။အဲ့ဒီဇာတ်ကားကို ၂၄ နှစ်ခြားပြီး 2024 ခုနှစ်မှာတော့ Gladiator 2 ဆိုပြီး ရိုးရိုးရှင်းရှင်းနဲ့ဒုတိယမြောက်ကားကိုထပ်မံတင်ဆက်လိုက်ပါပြီ။ပထမကားပြန်ကြည့်ပြီးမှ ဆက်ကြည့်တာပိုကောင်းတယ်ဆိုပေမဲ့လည်း အချိန်မရှိတဲ့လူတွေအတွက်လည်း ၂ ကစကြည့်လို့အဆင်ပြေပါတယ်။အဓိကအားဖြင့်တော့ ပထမပိုင်းမှာ မင်းဆိုးမင်းညစ်ဖြစ်တဲ့ ကိုမိုဒက်စ်ကို ရောမစစ်သည်တော်ကြီး မက်ဆီမက်စ်ကလက်စားချေခဲ့ပြီးတဲ့နောက်မှာ သူလည်းဒဏ်ရာတွေနဲ့သေဆုံးသွားခဲ့ပါတော့တယ်။မက်ဆီမက်စ်မှာ မိဖုရားကြီးလူစီလာနဲ့ရထားတဲ့ လူးရှပ်စ်ဆိုတဲ့ သားတစ်ယောက်ကျန်ခဲ့သလို မကောင်းတဲ့မင်းတစ်ယောက်ဆင်းခဲ့ရပေမဲ့လည်း ရောမမှာပိုဆိုးတဲ့အုပ်ချုပ်သူတွေထပ်ပေါ်လာပါတော့တယ်။မိဖုရားကြီးကလူးရှပ်စ်ရဲ့အသက်အန္တရာယ်ကိုစိတ်ပူတဲ့အတွက် အဝေးကိုပို့ခဲ့ပေမဲ့ လူးရှပ်စ် အရွယ်ရောက်လာတဲ့အခါမှာ ကံတရားရဲ့စီမံမှုကြောင့် သူရှိရာကိုဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်လာပါတော့တယ်။ဒါပေမယ့်စစ်သုံ့ပန်းတစ်ယောက်အနေနဲ့ပြန်လာတာဖြစ်ပြီး အဲ့ဒီကနေမှတစ်ဆင့်သူ့ရဲ့တိုက်ရည်ခိုက်ရည်တွေကြောင့် နာမည်ကြီးတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်လာကာ သူ့ရဲ့အတိတ်အကြောင်းတွေနဲ့ အမေဖြစ်သူအကြောင်းကိုပြန်သိသွားမလား သူ့အဖေရဲ့ခြေရာကိုနင်းပြီးတော့ရောမအတွက်တရားမျှတမှုကိုထပ်မံဆောင်ကျဉ်းပေးနိုင်မဲ့လူဖြစ်လာဦးမလားဆိုတာတွေကို ရှုစားရဦးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း