Temurun
ဒေဝီနဲ့ဆီနာ မောင်နှမနှစ်ယောက်ဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်နဲ့အတူနေရပါတယ် လောကကြီးကိုအရွဲ့တိုက်နေတဲ့ဆီနာကြောင့် မိခင်ကြီးကိုဒေဝီတစ်ယောက်တည်း ပြုစုရပါတယ် တစ်ညတော့ မျက်နှာဖုံးစွပ်ထားတဲ့လူတစ်စုရောက်လာပြီး ဒေဝီတို့သားအမိကို ဆီနာအကြောင်းလာမေးရင်းနဲ့ သူတို့အမေ အသတ်ခံလိုက်ရပါတယ် မအေဖြစ်သူမျက်စိရှေ့မှာတင် အရိုက်နှက်ခံသေသွားရတော့ ဒေဝီတစ်ယောက် ဖြေမဆည်နိုင်ဖြစ်နေရင်းနဲ့ သူ့အမေရဲ့ဝိဉာဥ်ကို ဒေဝီမကြာခဏမြင်လာရပါတယ် မမျှော်လင့်ထားတဲ့အဖြစ်အနေနဲ့ သူတို့ကို စွန့်ပစ်ခဲ့တဲ့အဖေဖြစ်သူကမိခင်သေဆုံးတဲ့အကြောင်း သတင်းမှာတွေ့ပြီးသူတို့ကိုလာခေါ်ပါတယ် အဖေကိုရောအစ်ကိုရော စိတ်နာပေမယ့် ရွေးချယ်စရာမရှိတဲ့ဒေဝီလည်း ဖခင်ခေါ်ဆောင်တဲ့ သူတို့ရဲ့အမွေစံအိမ်ကြီးကို လိုက်ပါခဲ့ရပါတယ် အမျိုးသမီးတွေပဲ ဦးဆောင်ရတဲ့ စီးပွားရေး မိဘနှစ်ပါးကွဲကွာရတဲ့အကြောင်းအရင်း မိခင်ဖြစ်သူကို တွေ့မြင်ရမှုတွေ အဖြေရှာစရာတွေ အများကြီးနဲ့ အမွေခံစံအိမ်ကြီးမှာ ဘာတွေရင်ဆိုင်ရမလဲ... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Sora ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း