ဇာတ်ကားများ ရွေးရန်

Alone

2015ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ Indian horror ဇာတ်ကား Alone (2015) ပဲဖြစ်ပါတယ် IMDb 3.7 ရရှိထားပြီး ပုံမှန်ဇာတ်ကြောင်းတွေနဲ့ မတူထူးခြားတဲ့အတွက် review များစွာရရှိထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရင်ချင်းဆက်အမွှာညီအစ်မနှစ်ယောက်ဖြစ်တဲ့ အန်ဂျနာနဲ့ ဆန်ဂျနာတို့ဟာ အကြောင်းအရာတစ်ခုကြောင့် ခွဲစိတ်ဖို့ဖြစ်လာပြီး အန်ဂျနာက သေဆုံးသွားခဲ့ရပါတယ် ဆန်ဂျနာလည်း ဒီစိတ်ကြောင့် ဒီအိမ် ဒီမြို့နဲ့ဝေးရာကို ချစ်ရတဲ့သူ ကာဘီနဲ့ ထွက်သွားခဲ့ပေမယ့် မိခင်ဖြစ်သူရဲ့ကျန်းမာရေးကြောင့် ပြန်လာဖို့ဖြစ်လာပါတော့တယ် ခန္ဓာကိုယ်ချင်းဆက်နေတဲ့ညီအစ်မနှစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာအရရော ဘယ်လောက်ထိ ဆက်စပ်နေမလဲ ဆန်ဂျနာတစ်ယောက် သူရှောင်ပြေးခဲ့တဲ့ အကြောက်တရားကို အဆုံးထိရင်ဆိုင်သွားနိုင်မလား ဆန်ဂျနာ ရှောင်ပြေးခဲ့ရတဲ့ အကြောင်းအရင်းအစစ်အမှန်က ဘာလဲဆိုတာကိုရော ရှာဖွေနိုင်မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Lynn Haymann ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း