Default
ပထမဦးဆုံးအနေနဲ့ ကိုးရီးယားအနုပညာရှင်တွေက နိုင်ငံရဲ့အကြီးကျယ်ဆုံးအခက်ခဲဆုံးဖြစ်ခဲ့တဲ့ အချိန်ကာလကို ရုပ်ရှင်အဖြစ်နဲ့ အသက်သွင်းနိုင်တာကို ချီးကျူးရမှာပါပဲ... ဒီကားလေးမှာတော့ ၁၉၇၇ ခုနှစ်က ကိုးရီးယားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ စီးပွားရေးကပ်ဆိုက်မှုအကြောင်းနဲ့ တစ်နိုင်ငံလုံး ပျက်စီးတော့မယ့် ကာလမှာတောင် စီးပွားရှာပြနိုင်သွားသူတွေ... ကိုယ်ကျိုးအတွက် နိုင်ငံရဲ့ အနာဂတ်ကိုပါ ချစတေးပစ်တဲ့ နိုင်ငံရေး သမားတွေအကြောင်းကို ထင်ထင်ရှားရှား ရိုက်ကူးပြထားပါတယ် စီးပွားရေးမဏ္ဍိုင်ပြိုလဲတော့မယ့် နိုင်ငံငယ်တစ်ခုကို အင်အားကြီးနိုင်ငံတွေက ဘယ်လိုဝင်ပြီးဂုတ်သွေးစုပ်သလဲဆိုလည်း ပါဝင်ပါတယ် K drama fan တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အမကြီး Kim Hye Su ရဲ့ ထက်မြက်သွက်လက်ပြီး ရဲဝံ့တဲ့ဇာတ်ရုပ်ကလည်း သူ့ရဲ့ Personality နဲ့ ကွက်တိပါပဲ... အချစ်တွေ အမုန်းတွေ အနမ်းတွေ မပါဝင်ပဲ ငွေကြေးတွေ... အကြွေးတွေနဲ့.... စီးပွားရေး... နိုင်ငံရေးကစားကွက်တွေအကြောင်း နှစ်သက်သူတွေအတွက်တော့ ကြည့်သင့်တဲ့ကားလေး တစ်ကားပါ Rating အနေနဲ့လည်း IMDb 6.7/10 ရရှိထားပါတယ်... ဒီကားကိုကြည့်ပြီး ခေတ်ပျက်သူဌေးဆိုတာ တကယ်ရှိတာပဲလို့ မှတ်သားလိုက်ရပါတယ် ... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Felix Yan ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း