ဇာတ်ကားများ ရွေးရန်

As One

2012ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ ဖြစ်ရပ်မှန်ကိုအခြေခံထားပြီးရိုက်ကူးထားတဲ့ကားလေးပါ။ ဟျွန်းဂျောင်ဟွာနဲ့ ရီဘွန်းနီတို့ဟာ တောင်နဲ့မြောက်ရဲ့တင်းနစ်ပြိုင်ဘက်ကစားသမားတွေဖြစ်ပါတယ်။ ဟျွန်းဂျောင်ဟွာကတော့ တောင်ကိုရီးယားချန်ပီယံဖြစ်ပြီး ရီဘွန်းနီကတော့ မြောက်ကိုရီးယားချန်ပီယံဖြစ်ပါတယ်။ သူတို့ပြိုင်ခဲ့တဲ့နောက်ဆုံးပြိုင်ပွဲမှာ ဟျွန်းဂျောင်ဟွာက ငွေတံဆိပ်ရပြီး ရီဘွန်းနီကတော့ ကြေးတံဆိပ်ရခဲ့ပါတယ်။ တရုတ်ဘက်က ရွှေတံဆိပ်ရသွားတာမလို့ ဟျွန်းဂျောင်ဟွာအနေနဲ့ ပိုပြီးကြိုးစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျပန်မှာပြိုင်ရမဲ့အချိန်မှာ တောင်နဲ့မြောက်တို့ပေါင်းပြီး ပေါင်းစည်းအသင်းအနေနဲ့ဝင်ပြိုင်ဖို့ အစိုးရဘက်က ဆုံးဖြတ်ခဲ့ပါတယ်။ အစကတည်းက ရန်ဘက်တွေအနေနဲ့နေလာခဲ့တဲ့ တောင်နဲ့မြောက်ကိုရီးယားတို့ ဘယ်လိုတွေညှိယူကြရမလဲ? သူတို့မျှော်မှန်းထားသလို အောင်မြင်နိုင်ပါ့မလား ဆိုတာ... ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း