Pieta
ဒီတစ်ခေါက်မှာတော့ ကြမ်းကြမ်းရမ်းရမ်းဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Pieta ရုပ်ရှင်ကိုတင်ဆက်ချင်ပါတယ်။ ၂၀၁၂မှာထွက်ရှိခဲ့တာဖြစ်ပြီး ငွေတိုးချေးသမားအီဂန်ဒိုရဲ့ရက်စက်မှုတွေကို ထိထိမိမိရိုက်ပြထားတာဖြစ်ပါတယ်။ အလွန်ရက်စက်ကြမ်းကြုတ်တဲ့အီဂန်ဒိုဆိုသူက လူတွေကိုအကြွေးဆယ်ဆတက်တဲ့အထိအတိုးနှုန်းမြင့်မြင့်နဲ့ချေးပြီး ပြန်မဆပ်နိုင်ရင်ဒုက္ခိတဖြစ်အောင်နည်းမျိုးစုံလုပ်ကာအာမခံတွေကိုယူတဲ့နည်းကိုသုံးတဲ့သူပါ။ မွေးကတည်းကအနှစ်၃၀လောက် တစ်ကောင်ကြွက်အနေနဲ့ ဘာကိုမှအကြောက် မေတ္တာဆိုတာကိုမသိဘဲရှင်သန်လာခဲ့ရာက တစ်နေ့မှာအမေဆိုသူပေါ်လာပြီး သူ့ရဲ့အတွေးတွေကိုပြန်ပြောင်းစေခဲ့ပါတယ်။ မိခင်မေတ္တာကိုစမြည်းစမ်းတတ်လာပြီး မိဘတွေရဲ့အဖြစ်ကိုစာနာတတ်လာပေမဲ့ အတိတ်ကအရိပ်မဲကြီးကလိုက်လံနှောင့်ယှက်လာတဲ့အခါမှာတော့ သူဘယ်လိုရုန်းထွက်မှာလဲ အမေဖြစ်သူနဲ့ရော ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနိုင်ပါ့မလားဆိုတာစောင့်မျှော်ကြည့်ရှုပေးဖို့ M-sub Movie မှာတစ်ဖန်ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Hnin Yee ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း