ဇာတ်ကားများ ရွေးရန်

The Lord Of The Rings The War Of The Rohirrim

2024ဇာတ်ကားWeb-dl 1080p

Lord Of The Rings ဆိုတဲ့ Series ကြီးကတော့ မကြည့်ဖူးရင်သာမကြည့်ဖူးမယ် မသိတဲ့လူကတော့ရှိမှာမဟုတ်ပါဘူး။ကမ္ဘာတစ်ဝှမ်းမှာလူကြိုက်တော်တော်များတဲ့ Series တစ်ခုဖြစ်သလို မြန်မာနိုင်ငံမှာလည်း ပရိသတ်ပေါင်းများစွာကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီ Lord Of The Rings ကို လူသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတာတွေပဲတွေ့ဖူးပြီးတော့ Animation ကာတွန်းကားကိုတော့တွေ့ဖူးကြဦးမယ်မထင်ပါဘူး။ဘာလို့လဲဆိုတော့ 1978 နဲ့ 1980 ခုနှစ်တွေမှာပဲ Animation တွေထွက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းလုံး၀မထွက်လာသေးလို့ပါပဲ။အခုမှ The Lord of the Rings: The War of the Rohirrim ဆိုတဲ့နာမည်နဲ့အကြာကြီးနေမှထပ်မံထွက်ရှိလာခဲ့တာဖြစ်ပြီး ပွဲဦးထွက်မှာ IMDb Rating 6.6 အထိရရှိထားပါတယ်။ဒီ Series တစ်လျှောက်လုံးကိုလူတွေနဲ့ပဲရှုစားခဲ့ရတဲ့အတွက် Animation နဲ့ပြောင်းကြည့်ရတာလည်း တစ်မျိုးတစ်ပါးတော့ကြည့်ကောင်းနေမှာဖြစ်ပါတယ်။ဒီထဲမှာတော့အဓိကအားဖြင့် ဘေလ်ဘိုဘက်ဂင်ဆီကို လက်စွပ်မရောက်လာခင် နှစ်ပေါင်း ၂၀၀ လောက်တုန်းက Timeline ကိုအဓိကတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပြီး လက်စွပ်တွေသိပ်မတွင်ကျယ်ခင်ကာလတုန်းကတောင် တိုင်းပြည်အတွင်းမှာ အာဏာလုမှုတွေ အင်အားပြိုင်ဆိုင်မှုတွေကြုံတွေ့ခဲ့ရတာကို အတိတ်ကိုပြန်သွားပြီး စိတ်ဝင်စားစရာရှုစားရဦးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း