ဇာတ်ကားများ ရွေးရန်

Culpa Tuya or Your Fault

2024ဇာတ်ကားWeb-dl 1080p

ဒီရုပ်ရှင်ဇာတ်လမ်းလေးကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Fault ဆိုတဲ့ ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ စပိန်စကားပြော Romance/ Drama လူငယ်အချစ်ဇာတ်ကားလေးတစ်ခုပါ။ ပထမကားရဲ့ အဆုံးသတ်မှာ နိုအာနဲ့ နစ်ခ်တို့ နှစ်ယောက်က မိဘတွေတားတဲ့ကြားက ချစ်သူအဖြစ် လက်တွဲလိုက်ကြဖို့ သဘောတူလိုက်တဲ့အတွက် နစ်ခ်ရဲ့ဖခင်က နစ်ခ်ကို ဆန်ဖရန်စစ္စကိုက ရှေ့နေရုံးတစ်ခုမှာ အလုပ်သင်ဆင်းဖို့ စေလွှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ တစ်နှစ်ကြာသွားပြီးနောက် နိုအာက အသက် ၁၈ နှစ်ပြည့်ပြီး ကောလိပ်ဆက်တက်ဖို့အတွက် ပြင်ဆင်တယ်။ နစ်ခ်ကလည်း ဆန်ဖရန်စစ္စကိုကနေ ပြန်လာပြီးနောက် သူ့ချစ်သူနားမှာပဲ နေဖို့ဆုံးဖြတ်လိုက်ကာ အဲ့မြို့မှာပဲ တိုက်ခန်းတစ်ခုနဲ့ သီးသန့်နေထိုင်လိုက်တော့တယ်။ အလုပ်ကိုတော့ သူ့အဖေရဲ့ ကုမ္ပဏီမှာပဲ ရှေ့နေအဖြစ် အလုပ်သင်ဆင်းလိုက်ပါတယ်။ နစ်ခ်အနေနဲ့ အရင်လိုခပ်ဆိုးဆိုးသူဌေးသားလေး မလုပ်တော့မယ့်အကြောင်း၊ ပြိုင်ကားမောင်းတာတွေ၊ ရန်ဖြစ်တာတွေ၊ မိန်းကလေးတွေနဲ့ ပွေလီရှုပ်တာတွေ စတဲ့အကျင့်ဆိုးမှန်သမျှ ပြင်ဆင်တော့မယ့်အကြောင်း နိုအာကိုလည်း ကတိပေးထားတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို မိဘတွေက အတင်းအကြပ်ခွဲကြဖို့ စီစဉ်ကြတဲ့အခါ.... နစ်ခ်ရဲ့ အလုပ်မှာ သူနဲ့အတူတူအလုပ်သင်ဆင်းတဲ့ ရှေ့နေမလေးက နစ်ခ်ကို ရေလာမြောင်းပေးတွေလုပ်လာတဲ့အခါ... နိုအာက ပထမနှစ် ကောလိပ်ကျောင်းသူလေးဖြစ်တဲ့အတွက် ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပေးချင်တဲ့ စီနီယာကိုကြီးက ပေါ်လာတဲ့အခါ.... သူတို့ရဲ့ အချစ်ခရီးလမ်းက ဖြောင့်ဖြူးပါ့မလား... အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း