ဇာတ်ကားများ ရွေးရန်

100 Degrees Below Zero

2013ဇာတ်ကားWeb-dl 1080p

သဘာဝဘေးအန္တရာယ် အမျိုးအစားဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ ဇာတ်ကားထဲက အဖြစ်အပျက်က အတော်ကျယ်ပြန့်တယ် ဆိုရမှာဖြစ်ပြီး ဥရောပတခွင်လုံးမှာ ဖြစ်တဲ့သဘောပါ။ ဥရောပမြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ မီးတောင်တွေ အဆက်မပြတ်ပေါက်ကွဲရာကနေ မြေငလျင်တွေပါ ဆက်တိုက်လှုပ်နေတယ်။ မီးတောင်ကနေ ထွက်လာတဲ့ ပြာငွေ့တွေက တိမ်တွေအဖြစ်ပါ ပြောင်းလဲလာပြီး နေရောင်ကို လုံးဝဖုံးကွယ်သွားပြီးတော့ အပူချိန်က သုညဒီဂရီဆဲလ်စီးယပ်စ်အောက် ရောက်လာတယ်။ ဥရောပမှာ နေထိုင်လို့မဖြစ်တော့တာကြောင့် အမေရိကန်နိုင်ငံသား လင်မယားနှစ်ယောက်က သူတို့ကလေးတွေကို ပဲရစ်မြို့ကနေ ကယ်ထုတ်ဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ သဘာဝဘေးအန္တရာယ်ကားတွေထဲမှာ ကြိုက်တဲ့အချက်က ဘယ်အချိန် ဘယ်နေရာကနေ ဘာတွေဖြစ်မလဲဆိုတာကို စောင့်ကြည့်ရတာပါပဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ nanda tun kyaw ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း