ဇာတ်ကားများ ရွေးရန်

Uang Panai' 2 Maharl

2024ဇာတ်ကားWeb-dl 1080p

" တင်တောင်းငွေကြောင့်စိတ်ညစ်နေပါသလား? ပတ်တွန်ဘူကိုလာခဲ့ပါ " ဘယ်လူမျိုး၊ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် လက်ထပ်ထိန်းမြားကြတဲ့အခါ ကိုယ့်လက်တွဲဖော်ကို တင်တောင်းယူကြရပါတယ် တင်တောင်းငွေနဲ့ရွှေငွေပစ္စည်းများခြင်းဟာ ဂုဏ်ယူစရာတစ်ခုဖြစ်တဲ့အလျောက် ချစ်သူကိုတန်ဖိုးထားချင်သူများအတွက် ခေါင်းစားစရာတစ်ခုလည်းဖြစ်ပါတယ် "ပတ်တွန်ဘူ"ဆိုတာက ဒါနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေသူ သတို့သားများကို ကူညီပေး‌နေတဲ့ ကုမ္ပဏီတစ်ခုပါ ဒီမှာ မျိုးရိုးမြင့်ဆရာဝန်မလေးကို လက်ထပ်ခွင့်တောင်းချင်နေတဲ့ မန်နေဂျာလေး အစ်ကျန် အဆင့်အတန်းချင်းမတူလို့ မိန်းကလေးဘက်ကသဘောမတူတဲ့အခါ အစ်ကျန်တစ်ယောက်ဘယ်လိုဖြေရှင်းမှာလဲ? တစ်ဖက်မှာလဲ တင်တောင်းငွေမရှိလို့ အခက်အခဲဖြစ်နေတဲ့ အစ်ကျန်ကို ပတ်တွန်ဘူကုမ္ပဏီက ဘယ်လိုကူညီသွားမလဲ? မိသားစုနှစ်ခုရဲ့ပဋိပက္ခတွေ၊ လူငယ်တွေရဲ့ကြိုးစားမှုနဲ့ချစ်ခြင်းမေတ္တာတွေကို ဇာတ်အိမ်မြူးမြူးလေးတွေ့မြင်ရမယ့်အပြင် အချစ်နဲ့ ငွေကြေးယှဉ်ပြိုင်တဲ့အခါ ဘယ်အရာအနိုင်ရမလဲဆိုတာကို ဟာသရှုထောင့်ဘက်က ရယ်မောစွာကြည့်ရှုရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါရှင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း