ဇာတ်ကားများ ရွေးရန်

2 Guns

2013ဇာတ်ကားBlu-ray 1080p

မင်းသားကြီး Denzel Washington နဲ့ Mark Wahlberg တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Action/ Comedy ဇာတ်ကားလေးဖြစ်ပြီး IMDb – 6.7 လောက်အထိ ရရှိထားတဲ့ ရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ - ‘ဘော်ဘီ’နဲ့ ‘စတစ်ဂ်’တို့ နှစ်ယောက်လုံးက ‘ပါပီဂရက်ကို’လို့ခေါ်တဲ့ မူးယစ်ရာဇာကြီးတစ်ယောက်ကို အမှုဆင်ဖမ်းချင်တဲ့အတွက် အသွင်ယူထားကြတဲ့ အေးဂျင့်နှစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်အလုပ်လုပ်ပေးတဲ့ အဖွဲ့အစည်းနှစ်ခုက မတူတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် အသွင်ယူအေးဂျင့်တွေမှန်းမသိကြဘဲ နှစ်ယောက်သား ပေါင်းမိနေကြတာပါ။ ဖြစ်ချင်တော့ ပါပီဂရက်ကိုနဲ့ သူတို့နှစ်ယောက် လဲလှယ်မှုတစ်ခုလုပ်ကြရာမှာ ပါပီဂရက်ကိုဘက်က သူတို့တောင်းဆိုသလို ကိုကင်းတွေ မပေးလာဘဲ ငွေသားတွေပဲ ထုတ်ပေးလာတဲ့အတွက် အမှုကလည်းဆင်လို့မရတဲ့ အခြေအနေကိုရောက်သွားပါတော့တယ်။ ဒီတော့ သူတို့နှစ်ယောက်သားက ကိုယ့်အကြံအစည်နဲ့ကိုယ် ပါပီဂရက်ကိုငွေအပ်တဲ့ ဘဏ်ကိုဓားပြတိုက်ကြဖို့ စီစဉ်ကြတဲ့အခါ ... သူတို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် သစ္စာဖောက်ရမယ့်အခြေအနေကို ကြုံကြိုက်လာတဲ့အခါ ... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ရှုစားကြည့်ပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း