ဇာတ်ကားများ ရွေးရန်

Nr. 24

2024ဇာတ်ကားWeb-dl 1080p

ဒီရုပ်ရှင်ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ရဲ့ နော်ဝေတော်လှန်ရေးခေါင်းဆောင် ‘ဂွန်နာဆွန်စတက်ဘီ’ ရဲ့ အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဆွန်စတက်ဘီက နော်ဝေနိုင်ငံသားတွေထဲမှာ အလေးစားထိုက်ဆုံး ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး စစ်တပ်ကချီးမြှင့်တဲ့ War cross ဆုတံဆိပ်မှာဆိုရင် ဓားသုံးလက်ပါရှိတဲ့ဆုကို သူတစ်ဦးတည်းကသာ ရရှိခဲ့တာဖြစ်ပါတယ်။ ဆွန်စတက်ဘီက ပို့ချမှုတစ်ခုပြုလုပ်ရင်း အတိတ်က သူ့ရဲ့ တော်လှန်ရေးခရီးကြမ်းကို ပြန်ပြောင်းအမှတ်ရတဲ့ပုံစံမျိုး တင်ဆက်ထားတာဖြစ်တယ်။ ဆွန်စတက်ဘီဟာ စစ်ပညာကို မသင်ယူခဲ့ဖူးပါဘဲနဲ့ သူဟာ တော်လှန်ရေးခေါင်းဆောင် တစ်ယောက်ဖြစ်လာခဲ့တယ်။ နာဇီတွေက သူဘယ်သူလဲဆိုတာကိုသိရဖို့အတွက် သူ့ရဲဘော်ရဲဘက်များစွာကို ညှင်းပန်းနှိပ်စက်ခဲ့ပြီးနောက် သူထွက်ပြေးရတဲ့အကြောင်းတွေ၊ စစ်ဆင်ရေးဖော်ဆောင်ပုံတွေကို ပြသထားတယ်။ ယနေ့ခေတ်လူငယ်တွေက သူ့ရဲ့ တချို့တချို့သော လုပ်ရပ်တွေအတွက် ဘာလို့အကြမ်းမဖက်တဲ့နည်းလမ်းကို မရွေးချယ်တာပါလဲလို့ မေးလာတဲ့အခါမှာတော့ သူ့ရဲ့ အဖြေကဘယ်လိုဖြစ်မလဲ။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း