ဇာတ်ကားများ ရွေးရန်

Tekka

2024ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ သိပ်မကြာခင်ကမှ ထွက်ရှိထားတဲ့ Indian Thriller/Drama ဇာတ်ကားကောင်းလေးဖြစ်တဲ့ Tekka(2024) ပဲဖြစ်ပါတယ် IMDb 6.2/10 ရရှိထားပြီး လူမျိုးရေးခွဲခြားမှု လူတန်းစားခွဲခြားမှုကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ လူတစ်ဦးရဲ့ လက်တုံ့ပြန်မှုကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လူတန်းစားခွဲခြားမှုကြောင့် ဒိုင်းမွန်းကုမ္ပဏီကနေ အလုပ်ပြုတ်ခဲ့ရတဲ့ အီကလက်အာလန်တစ်ယောက် အလုပ်ပြန်ရဖို့ ကလေးတစ်ဦးကို ပြန်ပေးဆွဲခဲ့ပါတယ် သူ့တောင်းဆိုချက်က သူ့ကို ဒီအလုပ်မှာ ပြန်ခန့်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုပါပဲ သမီးဖြစ်သူ ပြန်ပေးဆွဲခဲ့ရတာကို သိသွားတဲ့ မိခင်ဖြစ်သူ အီရာတစ်ယောက်လည်း အီကလက်ရဲ့သားဖြစ်သူကို ထပ်မံပြန်ပေးဆွဲပြီး လက်တုံ့ပြန်ခဲ့ပါတယ် မိဘနှစ်ယောက်ကြားက သားသမီးတွေအတွက် လက်တုံ့ပြန်မှုတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်အပြင် ရဲမေ မာယာရဲ့ ပြန်ပေးသမားတွေနဲ့ အပေးအယူ ညှိနှိုင်းမှုတွေကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ရင်း မမျှော်လင့်ထားတဲ့ အခြေအနေတွေကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ လက်မလွှတ်တမ်းစောင့်ကြည့်ပေးကြပါဦးရှင့် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Lynn Haymann ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း