ဇာတ်ကားများ ရွေးရန်

Hansel and Gretel

2007ဇာတ်ကားBlu-ray 1080p

ပရိသတ်ကြီးကိုတစ်ဖန်မိတ်ဆက်ပေးချင်တာတော့ ဇာတ်အိမ်ခိုင်တဲ့သရဲကားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အွန်းဆူဆိုတဲ့လူတစ်ယောက်ဟာ နာမကျန်းတဲ့အ‌မေဆီကိုသွားတဲ့လမ်းမှာ ကိုယ်ဝန်ရှိနေတဲ့ချစ်သူနဲ့ဖုန်းပြောရင်းစကားအခြေအတင်ဖြစ်ရာက ရုတ်တရက်ကြီးကားအက်စီးဒင့်ဖြစ်ပါတော့တယ်။ ထို့နောက်ဒဏ်ရာများနဲ့အကူအညီ တောင်းဖို့လိုက်ရှာရင်း တောနက်ထဲကိုတဖြည်းဖြည်းရောက်သွားကာ မီးအိမ်ကိုင်လာတဲ့ကောင်မလေးတစ်ယောက်ခေါ်ဆောင်ရာနောက်ကိုလိုက်ရင်း အိမ်လှလှကြီးတစ်လုံးဆီကိုရောက်သွားပါတယ်။ ထူးဆန်းတဲ့မိသားစုဆီမှာတစ်ညတာပဲခေတ္တတည်းခိုဖို့ကြံရွယ်ခဲ့ပေမဲ့ နောက်တစ်ရက်မှာမိဘဖြစ်သူနှစ်ဦးပျောက်သွားပြီး သူ့ဆီကိုကလေးတွေအပ်ခဲ့တဲ့စာပဲတွေ့ရပါတော့တယ်။ ချစ်သူဆီကိုအလျင်စလိုပြန်ဖို့လိုနေတဲ့အွန်းဆူသာ အိမ်ပြန်ဖို့ထွက်သွားတိုင်းလမ်းပျောက်ပြီး ဒီအိမ်ကိုပဲပြန်ရောက်ခဲ့တဲ့သူဟာတစ်ရက်ပြီးတစ်ရက်ပုံမှန်မဟုတ်တဲ့မောင်နှမတွေရဲ့ထူးဆန်းမှုတွေကိုမြင်လာရပြီး ရဲတိုက်လိုအိမ်ကြီးထဲကနေမလွတ်မြောက်နိုင်ဖြစ်နေခဲ့ပါတယ်။ သူလို့ပဲလမ်းပျောက်ပြီးရောက်လာတဲ့ဘုန်းတော်ကြီးဇနီးမောင်နှံဟာလည်း တဖြည်းဖြည်းနဲ့မသမာမှန်းသိလာတဲ့အခါဘယ်လိုဖြေရှင်းသွားမလဲ မောင်နှမသုံးယောက်ရဲ့သရုပ်မှန်ကရောဘယ်လိုဖြစ်နေမလဲ။ နောက်ဆုံးမှာအိမ်ကြီးကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ကားကောင်းလေးမလို့လက်လွှတ်မခံဘဲကြည့်ရှုကြဖို့တိုက်တွန်းအပ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Hnin Yee ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း