ဇာတ်ကားများ ရွေးရန်

My Sex Doll 2

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက် Romantic Comedy ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် ထိုင်းအချစ်ဟာသကားတစ်ခုနဲ့မိတ်ဆက်ပေးပါမယ် ( 18+) "အစ်" ဆိုတဲ့ကောင်လေးဟာ "Gynophobia" "မိန်းမတွေကိုကြောက်တဲ့ရောဂါ" ရှိတဲ့သူတစ်ယောက်ပါ သူ့ဦးလေးကတော့ လူသားတွေရဲ့အလိုဆန္ဒကိုဖြည့်ဆည်းဖို့ AI Robot တွေ ထုတ်လုပ်တဲ့ကုမ္ပဏီပိုင်ရှင်ဖြစ်ပါတယ် ဦးလေးရဲ့ဖန်တီးမှုတွေထဲက အန်နာဆိုတဲ့ Sex doll လေးကို အစ်တစ်ယောက်အလွန်နှစ်သက်ပါတယ် ဒါကြောင့် Gynophobia ကိုကုပြီးတဲ့နောက် အန်နာကိုလက်ထပ်ခွင့်တောင်းလိုက်တဲ့အခါမှာတော့ လူသားနဲ့ Sex dollအကြားဘယ်လိုအလွဲတွေဖြစ်မလဲ? တစ်ဘက်မှာလဲ "အစ်"ကို ကျောင်းနေအရွယ်ထဲကစိတ်ဝင်စားခဲ့တဲ့ ဆရာဝန်မလေး "အို" ကံ‌ခေလှတဲ့"အစ်"တစ်ယောက် အန်နာနဲ့အလွဲလွဲအချော်အချော်ဖြစ်ပြီးတဲ့နောက် ရောဂါကုစားပေးဖို့ရောက်ရှိလာတဲ့ Care doll လေး "မာရီယာ" ဒီအချိန်မှာ အရုပ်မလေးနဲ့ လူသားဆရာဝန်မလေးအကြား ဘယ်လိုအားပြိုင်မှုတွေဖြစ်လာမလဲ? အစ်ကရောဘယ်သူ့‌ကိုရွေးချယ်သွားမလဲ ဆိုတာ‌တွေကို ရယ်ရွှင်ဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရမှာဖြစ်လို့ လက်မလွှတ်ဘဲကြည့်ရှုပေးကြပါရှင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း