ဇာတ်ကားများ ရွေးရန်

Imaginur

2022ဇာတ်ကားWeb-dl 1080p

ဒရာမာချစ်သူများအတွက် 2022 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ မလေးရှားဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Imaginur ဖြစ်ပြီး လက်ရှိ IMDb 7.5 အထိရရှိထားပါတယ်။ဇာတ်ကားလေးက သိပ္ပံစိတ်ကူးယဉ်ဆန်ဆန်လေးဖြစ်ပြီး ဇာတ်လမ်းကိုအနိမ့်အမြင့်အတက်အကျတွေနဲ့‌ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့အတွက် အချိန်ပေးကြည့်ရှုရတာတန်စေမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့အဓိကမင်းသားဖြစ်တဲ့ ဇူဟန်ဆိုတဲ့လူတစ်ယောက်ကိုတွေ့ရမှာဖြစ်ပြီး သူကတော့အယ်လ်ဇိုင်းမာဖြစ်နေတဲ့သူ့အဖေကိုဆေးခန်းလိုက်ပြပေးနေတာပဲဖြစ်ပါတယ်။ဒီလိုနဲ့အပြန်လမ်းမှာ လိုတာဝင်ဝယ်ရင်း ရည်းစားဟောင်းနဲ့ရန်ဖြစ်မိသွားတဲ့အခါမှာတော့ အဖေပါမေ့ကျန်ပြီး အိမ်ပြန်လာခဲ့ပါတော့တယ်။အဲ့ဒါကြောင့်သူ့စိတ်တွေပုံမှန်မဟုတ်တာကို ကုသဖို့အတွက် ဆေးရုံမှာတွေ့ခဲ့တဲ့အဒေါ်ကြီးတစ်ယောက်ညွှန်းထားတဲ့ အိပ်မွှေ့ချဆေးခန်းတစ်ခုကိုသွားလိုက်တဲ့အခါမှာတော့ သူ့ခေါင်းထဲကမှတ်ဉာဏ်တွေအားလုံးကိုဖွင့်လှစ်ပြီး မှားတွေတာတွေကိုပြင်ဆင်ပုံတွေနဲ့ လှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ခုကိုပါ ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း