ဇာတ်ကားများ ရွေးရန်

Darr

1993ဇာတ်ကားBlu-ray 1080p

Rating 7.6/10 အထိရရှိထားတဲ့ အချစ်သည်းထိတ်ရင်ဖိုစိတ္တဇ အိန္ဒယရုပ်ရှင်ဇာတ်လမ်းကောင်း‌လေးပဲဖြစ်ပါတယ်။ နာမည်ကျော်မင်းသားကြီးရှာရွတ်ခမ်းနဲ့ ဆန်နီဒိုလ် မင်းသားနှစ်လက်ရဲ့အားပြိုင်မှုကိုမြင်တွေ့ရမှာပါ။ ရာဟူးလ်ဆိုတဲ့ကောင်လေးက ငယ်ရွယ်စဉ်ကထဲကမိခင်ဖြစ်သူကားတိုက်မှုကြောင့်သေဆုံးသွားခဲ့ပြီး အထီးကျန်စိတ်ဝေဒနာကိုခံစားနေရသူဖြစ်ပါတယ်။ မထင်မှတ်ပဲ ကောလိပ်မှာတွေ့ဆုံလိုက်ရတဲ့ကောင်မလေး ကီရမ်ကို ချစ်မြတ်နိုးမိသွားပြီး သူချစ်တဲ့အကြောင်းတွေကိုဖွင့်မပြောနိုင်ဘဲတိတ်တခိုးပဲချစ်နေခဲ့ရာက ကီရမ်မှာချစ်သူရှိတဲ့အကြောင်းကိုသိသွားခဲ့ပါတယ်။ ချစ်သူကိုရယူပိုင်ဆိုင်ခွင့်ရဖို့အတွက် ဖြစ်သင့်တာမဖြစ်သင့်တာ မစဉ်းစားနိုင်တော့ပဲ မလုပ်သင့်တဲ့အရာတွေကို လုပ်မိခဲ့တဲ့ စိတ္တဇဝေဒနာရှင်လေးရာဟူးလ်ရဲ့ ဇာတ်သိမ်းက ဘယ်လိုဖြစ်မလဲ။ကီရမ်ကရော ရာဟူးလ်ရဲ့ရူးသွပ်မှုကြောင့်ဘယ်လိုဒုက္ခတွေကိုခံစားရမလဲ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေပါ ဘယ်လို ပြဿနာတွေ ကြုံတွေ့ရမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် အိန္ဒယရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း