Distant or Long Distance: Senza ossigeno
သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်များအတွက် မကောင်းဘူးဆိုတဲ့အထဲမှာမပါတဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ Distant ဖြစ်ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိထားပါတယ်။အဓိကဇာတ်အိမ်တည်ထားတာကတော့ အာကာသထဲမှာမိုင်းတွင်းတူးတဲ့ယာဉ်ပျံကြီးတစ်စီးပျက်ကျပြီး ဘာမှန်းညာမှန်းမသိတဲ့ဂြိုလ်တစ်ခုအပေါ်ကိုရောက်သွားတာပဲဖြစ်ပါတယ်။ယာဉ်ပျံကြီးပျက်ကျတာဆိုးဝါးလွန်းတဲ့အတွက် အသက်ကယ်တောင့်တွေနဲ့တောင်မှ အသက်ရှင်ကျန်သူဆိုလို့ စစချင်းမှာအန်ဒီဆိုသူတစ်ယောက်ပဲရှိခဲ့ပါတယ်။လမ်းမှာတွေ့သမျှအသက်ကယ်ယာဉ်တောင့်တွေလည်းအကုန်စုတ်ပြတ်သတ်နေပြီး ဘယ်သူနဲ့မှလည်းဆက်သွယ်လို့မရခဲ့ပါဘူး။အသက်ရှင်ကျန်သူတစ်ယောက်နဲ့တွေ့ပေမဲ့လည်း လျှို့ဝှက်ဆန်းကြယ်စွာနဲ့ပဲ မျက်စိတစ်မှိတ်မှာတင်ပျောက်သွားတဲ့အတွက် ရူးချင်သလိုဖြစ်နေတဲ့ အန်ဒီလည်းကံကောင်းထောက်မချင်တော့ နာအိုမီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့အဆက်အသွယ်ရခဲ့ပါတော့တယ်။နာအိုမီကအသက်ကယ်တောင့်ထဲမှာခြေထောက်ညှပ်ပိတ်မိနေတာဖြစ်ပြီး အန်ဒီ့ကိုအကူအညီလှမ်းတောင်းတဲ့အတွက် အန်ဒီတစ်ယောက် သူ့ရဲ့ကျန်ရှိတဲ့ လက်ကျန်အောက်ဆီဂျင်လေးကို နာအိုမီ့ကိုကယ်ဖို့သုံးမလား ယာဉ်ပျံပျက်ကြီးဆီသွားပြီး သူ့ကိုယ်သူကယ်တင်ဖို့သုံးသွားမလားဆိုတာကို စိတ်ဝင်စားစရာရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း