Black Box Diaries
ဂျာနယ်လစ် ရှီအိုရိ အိတိုတစ်ယောက် သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူမရည်ရွယ်ချက်ကတော့ အာဏာရှိနေတဲ့ တရားခံကိုတရားစီရင်ဖို့ပါပဲ။ သူမရဲ့ အမှုကို မရပ်မနားတမ်း ဖော်ထုတ်ဖို့ ကြိုးစားခြင်းကြောင့် ဂျပန်မှာရှေးရိုးစွဲနေတဲ့ တရားစီရင်ရေးနဲ့ လူ့အသိုင်းအဝိုင်းကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားဟာ အဖြစ်မှန်ကိုရိုက်ကူးထားတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားတစ်ခုဖြစ်ပြီး အကောင်းဆုံးမှတ်တမ်းတင်ရုပ်ရှင်ကား အော်စကာဆုအတွက် နာမည်စာရင်းဝင်ထားတဲ့ ရုပ်ရှင်ကားတစ်ခုလည်းဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ မိန်းမတစ်ယောက် ဘယ်လိုမျိုးတွေ့ကြုံခံစားရသလဲဆိုတာကို ပေါ်လွင်အောင်ရိုက်ပြထားပေးပါတယ်။ ရုပ်ရှင်ထဲမှာဆိုရင် တရားခံကိုအပြစ်ပေးနိုင်ခဲ့ကြပါတယ်။ တကယ့်လက်တွေ့မှာရော မုဒိန်းမှုတွေမှာ တရားခံကို အပြစ်ပေးနိုင်မလား။ လူ့အသိုင်းအဝိုင်းက မုဒိန်းကျင့်ခံလိုက်ရပါတယ်ဆိုပြီး ထုတ်ပြောလာတဲ့ မိန်းမသားတွေကို ဘယ်လိုထင်ကြသလဲ။ ရသွားတဲ့ဒဏ်ရာက အချိန်ဘယ်လောက်ကြာမှ ပျောက်သွားမှာလဲ။ တကယ်ပဲ ပျောက်ရော ပျောက်သွားဦးမှာလား။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Pan ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း