ဇာတ်ကားများ ရွေးရန်

Kang Mak

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ထိုင်း horror ကား Pee Mak ကို အင်ဒိုနီးရှားဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ကန်မက်ဟာ ဇနီးဖြစ်သူ ကိုယ်ဝန်သည်ဆာရီကို ထားခဲ့ပြီး တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ စစ်တိုက်ထွက်ခဲ့ရပါတယ်။ ကန်မက်တို့စစ်တိုက်သွားနေတဲ့အချိန် တယောက်တည်းကျန်နေခဲ့ရတဲ့ ဆာရီဟာ ကိုယ်ဝန်ပျက်ကျရာကနေ အသက်ပါပေးဆပ်လိုက်ရပါတယ်။ သို့ပေမယ့် ခင်ပွန်းဖြစ်သူ ကန်မက်ကို စိတ်မချတာကြောင့် သရဲဘဝနဲ့ စောင့်မျှော်နေခဲ့ပါတယ်။ စစ်ပွဲပြီးလို့ နေအိမ်ကိုပြန်လာကြတဲ့ ကန်မက်တို့သူငယ်ချင်းအဖွဲ့နဲ့ ကန်မက်ဇနီးဆာရီတို့ကြားက ချစ်စဖွယ်အလွဲလေးတွေ၊ သူငယ်ချင်းအပေါ်ထားတဲ့ ရဲ​ဘော်ရဲဘက်စိတ်ဓာတ်၊ သိပ်ချစ်ကြတဲ့ ကန်မက်တို့လင်မယားရဲ့ချစ်ခြင်းတို့ကို စိတ်ဝင်စားဖွယ် ထိတ်လန့်ဖွယ်ဇာတ်ဝင်ခန်းများနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း