ဇာတ်ကားများ ရွေးရန်

Seven Days

2009ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာတော့ဟောင်းပေမဲ့မရိုးသွားတဲ့ ၂၀၀၇ခုနှစ်ကမှုခင်းကားဟောင်းလေးတစ်ပုဒ်ကိုပြန်ညွှန်းပေးချင်ပါတယ်။ ဇာတ်အိမ်ခိုင်ခိုင်နဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားမျိုးမှကြည့်ချင်တဲ့ပရိသတ်တို့အတွက် "Seven Days" ရုပ်ရှင်လေးကအကြိုက်တွေ့စေမှာပါ။ အမှုတိုင်းမှာနိုင်တဲ့နာမည်ကြီးကရှေ့နေယူဂျီယွန်းမှာ အွန်းယောင်းဆိုတဲ့ ၈နှစ်အရွယ်ချစ်စရာသမီးလေးတစ်‌ယောက်ရှိပါတယ်။ထက်မြက်လွန်းတဲ့အမေဖြစ်သူရဲ့ အိမ်ထောင်ရေးလစ်ဟင်းမှု အမေတာဝန်မကျေနိုင်မှုလေးတွေကို နားလည်ပေးပြီးလိမ္မာစွာနေထိုင်တဲ့သမီးလေးဟာ ‌တစ်နေ့ကျောင်းအားကစားပွဲအပြီးမှာပျောက်သွားပါတော့တယ်။ သမီးပျောက်တဲ့အပူနဲ့ဗျာများနေရတဲ့ရှေ့နေကြီးဆီကို ပြန်ပေးသမားမှဖုန်းဆက်လာပါတယ်။ မကြာမီတရားခွင်မှာသေဒဏ်ပေးခံရဖို့သေချာ‌နေတဲ့ သံသယတရားခံဂျောင်ချောဂျင်းကို ‌‌သေဒဏ်ကလွတ်အောင်လုပ်ပေးမှ သမီးဖြစ်သူကိုလွှတ်ပေးမယ်လို့အကျပ်ကိုင်ပါတော့တယ်။ သမီးဇောနဲ့အကုန်လုပ်မဲ့ရှေ့နေယူဂျီယွန်း ကိုင်တွယ်ရမဲ့အမှုက သာမန်လူသတ်မှုတစ်ခုအနေနဲ့ရိုးရှင်းနေပါ့မလား။ တရားခံကရောဘယ်လိုနောက်ကြောင်းတွေရှိနေလဲ. နောက်ကွယ်မှာဘယ်လိုအကြောင်းတွေနဲ့ ရှုပ်ထွေးစွာပတ်သတ်နေကြမလဲ။ အမှုမှန်ရောဘယ်လိုပေါ်ပေါက်လာမလဲ။ သမီးဖြစ်သူအွန်းယောင်းကိုရော အသက်ရှင်လျက်ပြန်တွေ့နိုင်ပါ့မလားဆိုတာ ရင်တဒိတ်ဒိတ်ကြည့်ရှုရမဲ့ကားကောင်းလေးဖြစ်လို့ M-sub Movie မှတင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Hnin Yee ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း