Alarum
တစ်ချိန်တုန်းက ရန်သူဖြစ်ခဲ့ဖူးတဲ့ လျှိုဝှက်စပိုင် အာချီဘယ်နဲ့ လော်ရာတို့က လက်ထပ်လိုက်ပြီး လူသူမနီးတဲ့ အပန်းဖြေစခန်းမှာ ဟန်းနီးမွန်းထွက်လာကြပါတယ်။ အာချီဘယ်က သူ့အရင်အဖွဲ့အစည်းကနေ ထွက်လိုက်ပေမယ့် လော်ရာကတော့ အေဂျင်စီတစ်ခုအတွက် အလုပ်လုပ်နေတုန်းပါ။ အဲဒီအချိန်မှာပဲ သူတို့နေနေတဲ့ စခန်းနားကို ဟယ်လီကော်ပတာတစ်စီးပျက်ကျခဲ့ပါတယ်။ ရိုးရိုးတန်းတန်းပျက်ကျတာမဟုတ်မှန်းသိတဲ့ အာချီဘယ်က ပိုင်းလော့ကိုယ်ထဲကနေ "Flight pill" လို့ခေါ်တဲ့ Flash drive တစ်ခုကိို ရှာတွေ့ခဲ့ပါတယ်။ တစ်ဖက်က အေဂျင်စီလည်း သူ့အသံကို ကြားသွားပြီး မှတ်မိသွားတဲ့အခါ အာချီဘယ်တို့စုံတွဲက အလာရမ်ဆိုတဲ့ လျှို့ဝှက်အေဂျင်စီအတွက် အလုပ်လုပ်ပေးနေတာလို့ ယူဆပြီး သူတို့ကို ရှင်းပစ်ဖို့ လူလွှတ်လိုက်ပါတော့တယ်။ Flash drive ကိုပါ လိုက်လုနေတဲ့ ရန်သူတွေကြားထဲမှာ သူတို့စုံတွဲ အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်မလား ဆက်ကြည့်လိုက်ပါနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း