The Cat
ဆောင်းတွင်းချမ်းချမ်းစီးစီးကြီးမှာ ကွေးရင်းနဲ့ကြည့်ဖို့ Drama ကားကောင်းလေးတစ်ကား ညွှန်းပေးပါရစေ... Pet Shop မှာ အလုပ်လုပ်တဲ့ ဆိုယွန်းက ငယ်ငယ်ကရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အလုံပိတ်အကြောက်လွန်ရောဂါကို ခံစားနေရပြီး ကုသမှုခံယူနေရတဲ့ ကောင်မလေးတစ်ယောက်ပါ... သူ့ဆိုင်မှာ လာပြီးရေချိုး၊ အမွှေးညှပ်နေကျ ပိုးလေးဆိုတဲ့ကြောင်ရဲ့ ပိုင်ရှင်အမျိုးသမီးကြီး ဓာတ်လှေကားထဲမှာ ရုတ်တရက်သေဆုံးသွားတာကြောင့် ရဲတွေက ကြောင်လေးကို ဆိုယွန်းဆီမှာ ခဏအပ်ထားခဲ့ပါတယ်... ကြောင်လေးတွေကို အလှပြုပြင်စောင့်ရှောက်ပေးရတဲ့သူဖြစ်ချင်တဲ့ ဆိုယွန်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဘိုဟီးကလည်း ကြောင်လေးတစ်ကောင် မွေးစားပြီးနောက်မှာ ရုတ်တရက် သေဆုံးသွားပြန်ပါတယ်... ဒီအမှုတွေကို စစ်ဆေးတဲ့တပ်ဖွဲ့ဝင် ဂျွန်ဆော့က ဆိုယွန်းတိတ်တခိုး ချစ်နေရတဲ့သူဖြစ်ပြီးတော့ အမှုတွေကလည်း ဆိုယွန်းနဲ့ တစ်နည်းမဟုတ်တစ်နည်း သွယ်ဝိုက်ပြီးပတ်သတ်လာတဲ့အခါ သူတို့နှစ်ဦးပေါင်းပြီး အမှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းဖို့ ဖြစ်လာခဲ့ပါတယ်... ရုတ်တရက်သေဆုံးမှုတွေ များလာခြင်းနဲ့ ကြောင်လေးတွေကြားက ဆက်စပ်မှုကို လိုက်ဖော်ထုတ်ရင်း နောက်ဆုံးမှာ အမှန်တရားက ဘာများဖြစ်နေမလဲ ဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ခံစားကြည့်ရှုပေးပါဦးနော်.... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Felix Yan ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း