Anand Sreebala
ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ မှုခင်းဇာတ်ကားတစ်ကားပါ ဇာတ်လမ်းက သမီးပျောက်လို့လိုက်ရှာနေကြတဲ့ မိဘတွေက ရဲစခန်းသုံးခုဆက်တိုက် သတင်းပို့နေပေမယ့် ထုံးစံတစ်ခုကိုလက်ကိုင်ထားပြီး အပိုင်နယ်မြေစခန်းကို သွားခိုင်းနေတာနဲ့ ရှေ့မရောက်ဖြစ်နေပါတယ် မနက်မိုးလင်းတော့ ကောင်မလေးက တံတားပေါ်က ခုန်ချပြီးသတ်သေခဲ့တဲ့အလောင်းကိုပဲ ရှာတွေပါတယ် ခက်တာက အကြောင်းပြချက်မရှိတာပါပဲ ပတ်ဝန်းကျင်ကလည်း မယုံကြည်နိုင်ပေမယ့် အမှုပိတ်လိုက်ရတယ်ပဲ ပြောပါတော့ ၆လလောက်ကြာပြီးတဲ့ ဆရီဘာလာဆိုတဲ့ သတင်းထောက်မလေးက အမှုကို လူစိတ်ဝင်စားမှုအပေါ်အသုံးချရင်း ပြန်ဖော်ဖို့လုပ်ပါတယ် သူ့ချစ်သူ အာနန်ဆိုတဲ့ ရဲထဲဝင်ဖို့ကြိုးစားနေတဲ့ကောင်လေးကအမှုကိုကူညီပြီး အဖြေရှာပါတော့တယ် အာနန်ကလည်း ဆရီဘာလာဆိုတဲ့မိခင်သေဆုံးမှုကြောင့်စိတ်ပိုင်းဆိုင်ရာပြဿနာတက်နေသူပါ ချစ်သူကိုတောင် မိခင်နဲ့နာမည်တူလို့ ချစ်ခွင့်ပန်ခဲ့တာပါတဲ့ မာရင်းက တကယ်ပဲသတ်သေခဲ့တာလား အာနန်တစ်ယောက် တူးဆွရင်းနဲ့ ဘာတွေတွေ့ရတော့မလဲ မထင်ထားတဲ့ဖြစ်ရပ်မှန်တွေထွက်ပေါ်လာတော့မှာလား... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Sora ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း