ဇာတ်ကားများ ရွေးရန်

Vertigo

2019ဇာတ်ကားအမှတ် 6/10Web-dl 1080p

နားဝေဒနာခံစားနေရပြီး သာမာန်ရုံးဝန်ထမ်းတစ်ယောက်အဖြစ် ဘဝကို အထီးကျန်ဆန်စွာဖြတ်သန်းနေတဲ့ ဆိုယောင်း။ သူမရဲ့ အထီးကျန်နေတဲ့ ဘဝထဲကို အမျိုးသားနှစ်ယောက်ဝင်လာတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲ။ ကွာရှင်းထာတဲ့ သားတစ်ယောက်အဖေ လီဂျင်ဆို နဲ့ ချစ်ကျွမ်းဝင်ခဲ့တဲ့ ဆိုယောင်းရဲ့အချစ်ခရီးလမ်းက သာယာနိုင်ပါ့မလား။ တစ်ရုံးတည်း အလုပ်အတူတူလုပ်နေကြတဲ့ သူတို့နှစ်ယောက်အဖို့ အချစ်ရေးမှာ ပွင့်လင်းမှုမရှိခဲ့ပါ။ ကြုံရာကျပန်းအလုပ်လုပ်ပြီး အဖေဖြစ်သူကို စောင့်ရှောက်နေတဲ့ ဂွမ်ဝူ တစ်ယောက် ဆိုယောင်းတို့ကုမ္ပဏမှာ သန့်ရှင်းရေးလုပ်ဖို့ရောက်လာခဲ့ပါတော့တယ်။ ဆိုယောင်းကို မြင်မြင်ချင်းသဘောကျသွားတဲ့ ဂွမ်ဝူတစ်ယောက် ဆိုယောင်းမသိအောင် အနောက်ကလိုက်ပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုယောင်းဘယ်သူ့ကိုရွေးချယ်သွားမလဲ။ အချိန် တစ်နာရီခွဲကျော်လေးနဲ့ ရသအစုံခံစားနိုင်တဲ့ ကိုရီးယားဒရမ်မာလေးတစ်ပုဒ်ပါ။ အချိန်ကုန်ရကျိုးနပ်အောင်ကို ဇာတ်လေးလေးက ငြိမ့်​ငြိမ့်လေးနဲ့ ကြည့်ရှု့သူတွေကို ဆွဲခေါ်နိုင်မှာ အသေအချာပါပဲ။ ပြီးတော့ ရုံးတွင်းအချစ်ဇာတ်လမ်းမျိုးကြိုက်တဲ့ တစ်ချို့ပရိသတ်တွေအတွက် ကားကောင်းလေးပါပဲ။ အများကြီးမပြောတော့ပါဘူး Vertigo k drama လေးထဲမှာပဲကြည့်လိုက်ကြပါရှင်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ kaia ‌ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း