ဇာတ်ကားများ ရွေးရန်

The Client

2011ဇာတ်ကားBlu-ray 1080p

ဟန်ချောမင်းဟာ ဇနီးဖြစ်သူနဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မလို့ အလုပ်ခရီးသွားနေရာကနေ ပန်းစည်းတွေဝယ်ပြီး အိမ်ပြန်လာတဲ့အချိန် အိမ်အဝမှာ လူတွေ ရဲတွေပြည့်လို့နေပါတယ်။ သူအထဲကိုရောက်တဲ့အချိန်မှာ မိန်းမဖြစ်သူရဲ့အလောင်းကိုမတွေ့ရဘဲ သွေးစွန်းနေတဲ့အိပ်ရာတစ်ခုပဲရှိပြီး မိန်းမကိုသတ်တဲ့အမှုနဲ့ အဖမ်းခံလိုက်ရပါတော့တယ်။ သူ့ရဲ့အမှုကို ရှေ့နေဂန်ဆောင်းဟီးနဲ့ပဲအပ်ချင်တယ်ဆိုပြီး ပြောနေတာမလို့ ရှေ့နေဂန်ကအစပိုင်းမှာတော့ ငြင်းနေခဲ့ပေမဲ့ စုံစမ်းကြည့်လိုက်မှ အမှုက ရှုပ်ထွေးပြီး စိတ်ဝင်စားဖို့ကောင်းတာမလို့ အမှုကိုလက်ခံလိုက်ပါတော့တယ်။ တကယ်ပဲ ဟန်ချောမင်းက ဇနီးဖြစ်သူကို သတ်လိုက်တာလား?.. ဒီကိစ္စကရော ထင်ထားသလို ရိုးရှင်းပါ့မလားဆိုတာ... ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း