Grafted
Horror ဇာတ်ကားတွေဆို သရဲတွေနဲ့မပါဘဲ ကျောချမ်းစရာကောင်းမှကြည့်ချင်တာဆိုသူတွေအတွက် တကယ်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။၀ုန်းဒိုင်းကြီးထခြောက်လှန့်တဲ့ Jumpscare တွေမပါဘဲနဲ့တောင် သူ့ရဲ့ရိုက်ကူးထားပုံတွေ နောက်ခံတေးတွေနဲ့တင်တော်တော်ကိုကြက်သီးထစရာကောင်းနေပါပြီ။သွေးသံတရဲရဲတွေ မကြည့်ရဲတဲ့သူတွေအတွက်ကတော့ ဒီကားလေးကိုမကြည့်ဖို့ကြိုတင်သတိပေးလိုက်ပါရစေ။ဇာတ်ကားနာမည်ကတော့ Grafted ဖြစ်ပြီး လက်ရှိ IMDb Rating 6.2 အထိရရှိထားပါတယ်။ဇာတ်ကားလေးရဲ့အစမှာတော့ သိပ္ပံပညာရှင်တစ်ယောက်နဲ့ သမီးဖြစ်သူ ဝေတို့ကိုတွေ့ရမှာဖြစ်ပြီး သူတို့သားအဖနှစ်ယောက်လုံးမှာ တူညီတဲ့အရာကတော့ မျက်နှာမှာ အမှတ်လိုအကွက်ကြီးတွေဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲ အဲ့ဒီသိပ္ပံပညာရှင်က သူတို့နှစ်ယောက်လုံးရဲ့မျက်နှာတွေကိုပြုပြင်ဖို့ တစ်သျှူးအစားထိုးတဲ့စမ်းသပ်မှုကိုလုပ်ရင်း မှားယွင်းသွားပြီး သေဆုံးသွားခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်း အသက်ကြီးလာတဲ့အခါမှာ ပညာသင်ဆုနဲ့ နယူးဇီလန်က အဒေါ်ဖြစ်သူအိမ်ကိုရောက်လာခဲ့ပါတော့တယ်။အသက်သာကြီးသွားခဲ့ပေမဲ့ သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ သူ့အဖေရဲ့သိပ္ပံစမ်းသပ်မှုကို အောင်မြင်အောင် လက်စသတ်နိုင်ဖို့ပါပဲ။အဲ့ဒါကြောင့် သူတက်တဲ့ကျောင်းက သိပ္ပံဆရာနဲ့အတူတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တကယ်တမ်းလည်းအောင်မြင်သွားတဲ့အခါမှာတော့ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်လာပါ့မလား ဘယ်လိုသည်းထိပ်ရင်ဖိုတွေကိုရော တွေ့ရမလဲဆိုတာကို ကိုယ်တိုင်ရင်ခုန်စိတ်လှုပ်ရှားပြီး ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း