Under Your Bed
ဒီတစ်ခေါက်မှာတော့ ၂၀၂၃ခုနှစ်ကထွက်ရှိထားတဲ့ ကြမ်းကြမ်းရမ်းရမ်း၁၈ယောက်စုကြည့်ရမဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အသက်ဆက်ရှင်ဖို့အကြောင်းရင်းရေရေရာရာမရှိဘဲ ဘဝကိုရေစုန်မျောနေတဲ့လူငယ်လေးဂင်ဂျီဟွန်းဟာ တက္ကသိုလ်ရောက်တဲ့အချိန်မှာ တွေ့ရှိခဲ့တဲ့ တောက်ပတဲ့အပြုံးပိုင်ရှင်ရယ်အွန်းဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ရတဲ့နောက်မှာတော့ ပျော်ရွှင်မှုဆိုတဲ့ခံစားချက်တွေဖြစ်ပေါ်လာခဲ့ကာ အဲဒီကောင်မလေးကိုအ ဝေးကငေးကြည့်ရင်းတိတ်တခိုးစွဲလမ်းနေခဲ့ပါတယ်။ သို့သော်သူ့ရဲ့တစ်ဖက်သတ်အချစ်ဇာတ်လမ်းလေးဟာ ရှေ့မဆက်လိုက်ရဘဲပြီးဆုံးသွားပြီး ၉နှစ်အကြာပြန်တွေ့လိုက်ရတဲ့အချိန်မှာတော့သူ့ကိုမမှတ်မိတော့တဲ့အပြင် အရင်ကရခဲ့တဲ့ရေမွှေးနံ့လေးလည်းမရတော့သလို တောက်ပတဲ့အပြုံးတွေလည်းပျောက်ကွယ်သွားပါတော့တယ်။ ဒီလိုနဲ့ သူမနဲ့အနီးအနားရပ်ကွက်ထဲမှာ ငါးကန်ဆိုင်လေးဖွင့်ပြီးတိတ်တဆိတ်စုံစမ်းရင်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ အမျိုးသားဖြစ်သူရဲ့ရက်ရက်စက်စက်ဆက်ဆံမှုတွေအောက်မှာ ပြိုလဲကြေမွနေတဲ့သူမကို အိပ်ယာအောက်ကနေအမြဲစောင့်ကြည့်နေခဲ့တဲ့ဂျီဟွန်းတစ်ယောက် ဘယ်လိုကယ်တင်ပေးသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Hnin Yee ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း