Gundala
ဒီကားလေးကတော့ စူပါဟီးရိုးကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေး ဖြစ်သလို့ အင်ဒိုနီးရှား Bat Man ကားလို့လည်း ပြောလို့ရပါမယ်။ ဒါပေမယ့် ဇာတ်လမ်းဇာတ်အိမ်ကတော့ Bat Man နဲ့မတူပါဘူး။ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်းပြီး လစာမလောက်မငပေးမှုတွေနဲ့ အထက်လူကြီးတွေရဲ့ ခေါင်းပုံဖြတ်မှုတွေကြောင့် ဆန်ချာကာအဖေဦးဆောင်တဲ့အလုပ်သမားအဖွဲ့ဟာ လစာပိုမိုရရှိရေးနဲ့ လုပ်ငန်းခွင် နားနေချိန်ရရှိရေးအတွက် ဆန္ဒပြကြပါတယ်။ အလုပ်ရှင်သူဌေးက ဆန္ဒပြအဖွဲ့နဲ့ ညှိနှိုင်းမယ် လူနှစ်ယောက်လွှတ်လိုက် ဒါပေမယ့် ဆန်ချာကာရဲ့အဖေမပါစေနဲ့လို့ပြောတဲ့အတွက် သူ့သူငယ်ချင်းနှစ်ယောက်ကို သွားတွေ့ခိုင်းပါတော့တယ်။ သွားတွေ့တဲ့သူငယ်ချင်းနှစ်ယောက်က ၃ ရက်လောက်ကြာတဲ့အထိ ပြန်ပေါ်မလာတော့ စိတ်ပူးပြီးအလုပ်သမားတွေစုပြီး စက်ရုံကိုလိုက်သွားချိန် ဆန်ချာကာနဲ့သူ့အမေက ပျောက်ဆုံးသွားတဲ့သူနှစ်ယောက်ရဲ့ ဇနီးသည်တွေအဆင်ပြေရဲ့လားဆိုပြီး သူတို့အိမ်ကို သွားမေးရာမှာ အဲဒီသူ နှစ်ယောက်က အခြားအလုပ်သမားတွေအပေါ်မှာ သစ္စာဖောက်ခဲ့တာကို သိခဲ့ချိန်မှာ ဆန်ချာကာရဲ့ အဖေနောက်ကို လိုက်သွားခဲ့ပေမယ့် နောက်ကျသွားခဲ့ပါပြီး။ ဆန်ချာကာရဲ့အဖေလည်း အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့သားအမိနှစ်ယောက် ရုန်းကန်ရင်း ဆန်ချာကာအမေငွေရှာထွက်ရာကနေ ပျောက်ချင်းမလှပျောက်သွားခဲ့ရပြန်တော့ ဆန်ချာကာတစ်ယောက် မိဘမဲ့ဖြစ်ခဲ့ပါတော့တယ်။ မိုးရွာတိုင်း လျှပ်စီးလက်ရင်ကြောက်တတ်တဲ့ ဆန်ချာကာဟာ သူကြောက်တဲ့ လျှပ်စီးကနေ ဘယ်လိုစွမ်းအားတွေရပြီး လူဆိုးကြီး ပန်ကောကို ဘယ်လို တွန်းလှန်မလဲဆိုတာ ဆက်လက်ရှုစားပေးကြပါဦးနော်။ ဪ ဒါနဲ့ စကားမစပ် မင်းသမီးလေးကလည်း ချစ်စရာလေးဟီးဟီးးး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Than Htike Oo ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း