Moana 2
ကဲ အားလုံးပဲစောင့်မျှော်နေကြတဲ့ Moana 2 ကိုတင်ဆက်ပေးလိုက်ပါပြီ။Moana ဆိုတာကတော့ 1 ထွက်ရှိကတည်းက The Rock ကြီးရဲ့အသံသရုပ်ဆောင်တွေ ဇာတ်လမ်းဇာတ်ကွက်ကောင်းပုံတွေကြောင့် လူကြီးလူငယ်မရွေး မိတ်ဆက်ပေးစရာမလိုအောင်ကိုအောင်မြင်မှုတွေရရှိထားပြီးသားဖြစ်ပါတယ်။ဒီတစ်ခေါက်ဆက်လက်ထွက်ရှိလာတဲ့ Moana 2 မှာလည်း IMDb Rating 7.0 အထိဆွတ်ခူးထားနိုင်ပြီး တစ်ကားထွက်ပြီးမပုပ်သွားတဲ့ ကောင်းမြဲကောင်းနေဆဲဂုဏ်ကို ဆက်ထိန်းထားနိုင်တုန်းပဲဖြစ်ပါတယ်။အားလုံးပဲသိထားပြီးတဲ့အတိုင်း 1 မှာတုန်းက မိုအာနာက မာဝီနဲ့အတူတူစွန့်စားခန်းတွေထွက်ခဲ့ပြီးနောက်ပိုင်း မိုအာနာတို့ရွာလည်း ပင်လယ်ထဲပြန်ထွက်လာခဲ့ကြပြီး တဖြည်းဖြည်းနဲ့စိုပြည်စိမ်းလန်းလာခဲ့ပါတယ်။မိုအာနာကတော့လမ်းကြောင်းရှာဖွေသူအနေနဲ့ မတွေ့ဖူးသေးတဲ့ ကျွန်းတွေကိုဆက်လက်ရှာဖွေနေပြီး သူတို့လူမျိုးတွေအပြင် တခြားလူတွေကိုရှာဖို့စိတ်ဆန္ဒပြင်းပြနေတုန်းပါပဲ။ဒီလိုနဲ့သိပ်မကြာခင်မှာ တိုတိုင်ဆိုတဲ့ဂုဏ်ပုဒ်ရထားတဲ့ သူ့ရှေ့ကကြီးမြတ်တဲ့လမ်းကြောင်းရှာဖွေသူရဲ့ခရီးစဉ်ကို ဆက်နှင်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီခရီးစဉ်ကဘာလဲဆိုရင်တော့ သူလိုက်ရှာနေတဲ့လူတွေနဲ့သူတို့ကို နတ်ဘုရားတစ်ပါးက ကျိန်စာတိုက်ပြီးခွဲခြားထားတဲ့အတွက် အဲ့ဒီနတ်ဘုရားဖွက်ထားတဲ့ကျွန်းကြီးကိုရှာဖွေရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့မိုအာနာတစ်ယောက် ဘိုးဘေးတွေပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ဖို့ရွက်လွှင့်ရင်း မာဝီနဲ့ရောဘယ်လိုပြန်ဆုံကြမလဲ သူ့ရဲ့တာဝန်ကြီးကိုရော အောင်မြင်အောင် ထမ်းရွက်နိုင်ပါ့မလားဆိုတာတွေကို စိတ်ဝင်စားစရာဆက်လက်ရှုစားရဦးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း