ဇာတ်ကားများ ရွေးရန်

Pluto

2012ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာတော့ 2012မှာထွက်ရှိခဲ့တဲ့ "Pluto"ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကျော်တဲ့ဒိတ်ဒိတ်ကြဲကျောင်းကြီးရဲ့ အဆင့်တစ်ကျောင်းသားယူဂျင်းတေလာဆိုသူအသတ်ခံရပြီးနောက် သံသယရှိသူအနေနဲ့ ဂင်ဂျွန်းဆိုတဲ့ဆင်းရဲသားကျောင်းသားလေးဟာခေါ်ယူမေးမြန်းခံရပါတော့တယ်။ သေဆုံးသူနဲ့ဆက်‌ဆံရေးမကောင်းဘူး‌ဆိုတဲ့ကောလဟာလတွေကိုနားယောင်တဲ့ရဲတွေဟာ သူ့ကိုသာလူသတ်တရားခံအနေနဲ့သံသယရှိနေခဲ့ပါတယ်။ သို့သော်သက်သေမရှိတဲ့နောက်ဆုံးလွှတ်ပေးလိုက်ရပါတယ်။ အချုပ်ကလွတ်လာပြီးနောက် ဒီလိုဖြစ်အောင်‌ချောက်ချပြီးတွန်းပို့ခဲ့တဲ့ ကျောင်းရဲ့ထိပ်တန်းကျောင်းသားအုပ်စုကိုလက်စားချေဖို့လုပ်ပါတော့တယ်။ ငွေရှိရင်ဘာမဆိုဖြစ်နေတဲ့လောကကြီးမှာ တော်ခြင်းတတ်ခြင်းကိုလည်းပိုက်ဆံနဲ့ကြေးဖြတ်နေတဲ့ကျောင်းကြီးထဲ နာမည်ကြီးဂိုက်ဆရာတွေကိုမှမခေါ်နိုင်ရင်အဆင့်ကောင်းကောင်းမရနိုင်တာကြောင့် ဆိုးလ်တက္ကသိုလ်ရဲ့ဇီဝသိပ္ပံမေဂျာတက်ချင်ခဲ့တဲ့ဂင်ဂျွန်းဟာ ကြိုးစားသမျှအရာမထင်ဖြစ်ခဲ့ရပါတယ်။ ငယ်စဥ်ကတည်းက ဆင်းရဲဒဏ်ခံရတဲ့ဂင်ဂျွန်းဟာ ဆင်းရဲတွင်းထဲကလွတ်ဖို့ ပညာရေးနဲ့အစွမ်းကုန်တိုးတက်ဖို့ကြိုးစားချင်ခဲ့ပေမဲ့ ငွေကြေးကပဲပညာရေးအတွက်အတားအဆီးဖြစ်နေခဲ့ပြန်တယ်။ ငွေနဲ့အာဏာကိုပဲသိကြတဲ့ကျောင်းကြီးထဲမှာ သူဘယ်လိုရုန်းကန်ခဲ့ရမလဲ။ လူသတ်မှုရဲ့တရားခံအစစ်တွေကရော ဘယ်သူဖြစ်နေမလဲ။ ငွေကုံထံအသိုင်းအဝိုင်းရဲ့မျိုးဆက်တွေဖြစ်ပြီး ညစ်ပတ်ယုတ်မာကြတဲ့ထိပ်တန်းကျောင်းသားတွေရဲ့သရုပ်‌မှန်ကိုထိထိမိမိဖော်ပြထားတဲ့ဇာတ်ကားကောင်းလေးမလို့ စိတ်လှုပ်ရှားစွာလိုက်ပါကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Pluto ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း