ဇာတ်ကားများ ရွေးရန်

Bleed for Justice

2025ဇာတ်ကားအမှတ် 5/10Web-dl 1080p

ဒီတစ်ခေါက်မှာတော့ ၂၀၂၅မှာ ထွက်ရှိလာတဲ့ "Bleed for Justice"ဆိုတဲ့ အသစ်စက်စက်အက်ရှင်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် အေးချမ်းသာယာနေသောသုန်ဟိုင်မြို့လေးသည် နိူင်ငံတကာကုန်သွယ်ရေးကုမ္ပဏီရဲ့တရားမဝင်ငွေတိုက်အားစီးနင်း လုယက်ခဲ့သော လူဆိုးနှစ်ယောက် ကြောင့် လှုပ်ခတ်သွားခဲ့ရပါတယ်။ အကျိုးတူစီးပွားဖက်အချင်းချင်းကြားတွင် သစ္စာဖောက်မှုများရှိလာကြပြီး ဒုစရိုက်သမားအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများဖြစ်ပေါ်လာခဲ့တယ်။နိူင်ငံတကာကုန်သွယ်ရေးကုမ္ပဏီရဲ့ တရားမဝင်ငွေတိုက်ကို လုယက်ခံခဲ့ရတာကြောင့် ထိပ်တန်းလုံခြုံရေးအစောင့်နှစ်ယောက်ကို ဌားရမ်းခဲ့ရာ နိုင်ငံတကာက အလိုရှိနေတဲ့ ရာဇ၀တ်သားတွေဖြစ်နေတာကြောင့် အထူးတပ်ဖွဲ့ဝင်တွေသတိထားမိသွားကြပါတယ်။ အဲဒီကတစ်ဆင့် မြေအောက်ငွေတိုက်တွေရဲ့ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းတွေကို ခြေရာခံမိသွားပြီး စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်ခဲ့ကြတယ်။အထူးတပ်ဖွဲ့ဝင်တွေဟာ ပြင်းထန်သောစစ်ဆင်ရေးကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပြီး ရာဇ၀တ်သားတွေကိုရှင်းလင်းရာမှာ အောင်မြင်စွာ ဖမ်းဆီးနိုင်ပါ့မလား နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းစုကြီး၏ တရားမဝင်ပိုင်ဆိုင်မှုတွေ လွှဲပြောင်းရန် ကြိုးပမ်းမှုကို တားဆီးနိူင်ပါ့မလားဆိုတာ ကြည့်ရှု့ခံစားပေးကြပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ NayChii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း