ဇာတ်ကားများ ရွေးရန်

Barroz: Guardian of Treasures

2024ဇာတ်ကားWeb-dl 1080p

တစ်ခါတုန်းက အရှင်သခင်အပေါ် အရမ်းသစ္စာစောင့်သိလွန်းတဲ့ နန်းတော်ရဲ့သော့ထိန်းကြီးဘာရို့စ်ဆိုတဲ့လူတစ်ယောက်ရှိသတဲ့။ နယ်မြေလုပွဲတွေဖြစ်ပြီး အရှင်သခင်တွေ အသက်လုပြေးရမဲ့အချိန်ကျမှ သူ့အရှင်ဟာ ချန်ထားရစ်ခဲ့ရတော့မဲ့ သူ့ရတနာတွေကို ဒီအတိုင်းထားရစ်ခဲ့ရမှာကို​​​​ကြောက်တာကြောင့် မှော်ပညာရှင်တွေကို နည်းလမ်းတစ်ခုထုတ်ခိုင်းခဲ့တယ်။ နောက်တော့ ထွက်လာခဲ့တဲ့ဖြေရှင်းနည်းက သစ္စာအရှိဆုံးလူယုံကို တစ္ဆေတစ်ကောင်အဖြစ်နဲ့ ရတနာတွေကိုစောင့်ရှောက်ဖို့ ထားရစ်ခဲ့ရမယ်တဲ့လေ။ အဲ့ဒီမှာပဲ အရှင်သခင်ဖြစ်သူဟာ ဘာရို့စ်ကိုရွေးချယ်ခဲ့တယ်။ သစ္စာစောင့်သိတဲ့ ဘာရို့စ်ကလည်း ကျေကျေနပ်နပ်လက်ခံခဲ့ပြီး သူ့အရှင်နဲ့ အမွေဆက်ခံသူပြန်လာမဲ့အချိန်ကို ရာစုနှစ်ပေါင်းများစွာစောင့်ဆိုင်းနေပါတော့တယ်။ သစ္စာခံဘာရို့စ်တစ်ယောက် သူ့ရဲ့တာဝန်ကို ကျေပွန်ဖို့အတွက် ဘာတွေပေးဆပ်ခဲ့ရသလဲဆိုတာကို ကြေကွဲဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း