Whistle Blower
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ရုပ်ရှင်ကားလေးကတော့ ၂၀၁၄ခုနှစ်မှာထွက်ရှိခဲ့တဲ့ "Whistleblower" (သတင်းပေး)ဆိုတဲ့ mystery ကားလေးပဲဖြစ်ပါတယ်။NBSရုပ်သံလွှင့်ဌာန "PD Chase" သတင်းပရိုဂရမ်ရဲ့ပီဒီဖြစ်တဲ့ အမှန်တရားကိုမြတ်နိုးတဲ့ မဟုတ်မခံဇာတ်ဇာတ်ကြဲသမားယွန်းမင်ချောထံသို့ လူတွေအများကြီးကိုဒုက္ခရောက်စေနိုင်တဲ့အကြောင်းအရာကြီးတစ်ခုကို သတင်းပေးလာခဲ့ပါတယ်။ နိုင်ငံ့သမ္မတနီးပါးချစ်ခင်လေးစားခံရတဲ့ နာမည်ကျော်သုတေသနပါရဂူအီဂျန်ဟွမ်းဟာ လူသားမျိုးနွယ်တစ်ခုလုံးကိုအကျိုးပြုနိုင်မဲ့ မကုသနိုင်တဲ့ရောဂါတွေကိုပါကုသနိုင်တဲ့ ဇီဝနည်းပညာသုတေသနစာတမ်းတစ်ခုကိုထုတ်ဝေခဲ့ရာ ကိုရီးယားအပြင် နိုင်ငံတကာကပါစောင့်ကြည့်ခံရပြီး လေးစားအတုယူစရာအပြည့်ဖြစ်နေခဲ့ပါတယ်။ သို့သော် အဲဒီနောက်ကွယ်မှာတော့ တရားမဝင်စမ်းသပ်ခံသားဥတွေကိုတင်သွင်းပြီး စမ်းသပ်အောင်မြင်ကြောင်းစာတမ်းမှာထည့်ထားတဲ့ပင်မဆဲလ်ဟာအမှန်တကယ်မရှိကြောင်းကြားလိုက်ရတဲ့အခါမှာတော့ ပီဒီယွန်းတစ်ယောက်အမှန်တရားကိုဖော်ထုတ်ဖို့လုပ်ဆောင်ပါတော့တယ်။ တစ်နိုင်ငံလုံးရဲ့ယုံကြည်မှုကိုရထားတဲ့သူတစ်ဦးကိုဆန့်ကျင်ဖို့ရာ အင်မတန်မလွယ်ကူခဲ့သလို သက်သေရယ်လို့တိတိကျကျမတင်သွင်းနိုင်တဲ့အခါ ပြည်သူကရော အထက်ကပါအတင်းဖိအားပေး ပြစ်တင်ဝေဖန်ကြပါတော့တယ်။ နောက်ဆုံးမှာ အင်အားကြီးတဲ့လိမ်လည်မှုကပဲအနိုင်ရသွားမလား အမှန်တရားကပဲထိုးဖောက်နိုင်သွားမလားဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရမဲ့ကားလေးဖြစ်တာကြောင့် ကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Hnin Yee ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း