ဇာတ်ကားများ ရွေးရန်

Terra Formars

2016ဇာတ်ကားBlu-ray 1080p

သဘာဝအရင်းအမြစ်များ ကုန်ဆုံးလာမှု၊ လူဦးရေ အဆမတန်ထူထပ်လာမှုတို့ကြောင့် လူသားတွေက နောက်ထပ်နေထိုင်ရာတစ်ခုအဖြစ် မားစ်ကို ရွေးချယ်ခဲ့ကြပါတယ်။ တယ်ရာဖော်မင်း(မြေမျက်နှာသွင်ပြင် ပြောင်းလဲမှု) ဆိုတာက မားစ်ပေါ်မှာ လူတွေနေထိုင်နိုင်လို့ရအောင် မားစ်ရဲ့ မြေမျက်နှာသွင်ပြင် ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲတဲ့ ပရောဂျက်တစ်ခု ဖြစ်ပါတယ်။ အဲဒီပရောဂျက်အတွက် မားစ်ပေါ်ကို ရေညှိတွေနဲ့အတူ ပိုးဟပ်တွေကိုပါ ပို့ဆောင်ထားခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ် ၅၀၀ ကြာတဲ့အချိန်မှာ မားစ်ရဲ့ မြေမျက်နှာသွင်ပြင်က လူတွေ နေထိုင်လို့ရတဲ့အထိ ကောင်းမွန်လာတဲ့အခါ ပို့ထားခဲ့တဲ့ ပိုးဟပ်တွေကို သုတ်သင်ဖို့အတွက် ဂျပန်အစိုးရက အော်ပရေးရှင်းတစ်ခု ဆောင်ရွက်ခဲ့ပါတယ်။ ပိုးဟပ်သတ်ဖို့ဆိုပြီး မားစ်အပေါ်ကို ရောက်လာကြတဲ့ အော်ပရေးရှင်းအဖွဲ့ တကယ်ရောက်သွားတဲ့အချိန်မှာ မျှော်လင့်မထားတာတွေ ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Pan ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း