Phone
သတင်းထောက်ဆောဂျီဝန်းတစ်ယောက် သတင်းထောက်ဘဝရဲ့ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ကျောင်းသူလေးတွေ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရတဲ့ သတင်းကို ရေးတင်ပြီးနောက်မှာ ခြိမ်းခြောက်မှုတွေ ဆက်တိုက်ခံရလို့ ဖုန်းနံပါတ်ပါပြောင်းပြီး ခြေရာဖျောက်ခဲ့ရပါတယ်... သူငယ်ချင်းဖြစ်သူ ဟိုဂျောင်းရဲ့ ပြန်ပြင်ထားတဲ့အိမ်ကြီးထဲမှာ တစ်ယောက်တည်းရှောင်ပုန်းနေတုန်း သူအသစ်လဲလိုက်တဲ့ ဖုန်းနံပါတ်က ဘယ်ကမှန်းမသိတဲ့ဖုန်းတွေဝင်လာပြီး တော်တော်လေး အာရုံနောက်စရာဖြစ်လာခဲ့ပါတယ်... မိတ်ဆွေတစ်ယောက်ရဲ့ အကူအညီနဲ့ သူလက်ရှိကိုင်နေတဲ့ ဖုန်းနံပါတ်ရဲ့ အရင်ပိုင်ရှင်အဟောင်းတွေအကြောင်း ပြန်လိုက်စုံစမ်းရင်းနဲ့မှ ဘယ်ကခေါ်မှန်း.. ဘာတွေအော်ပြောနေမှန်းမသိတဲ့ အဝင်ဖုန်းတွေအကြောင်းကို ဇာတ်ရည်လည်လာခဲ့ပါတယ်... ဒီကားလေးကို ပုံမှန်ကိုရီးယားသရဲကားတွေလိုမျိုးပဲလို့ တွေးခဲ့မိတာ ကျွန်တော့်အမှားပါ... ဇာတ်လမ်း ဇာတ်အိမ်က အတော်လေးကို အချိတ်အဆက်မိမိနဲ့ ခိုင်မာပြီးတော့ ပဟေဠိဆန်ဆန်တွေလည်း မထည့်ထားသလို ဇွတ်ကြီးခြောက်နေတဲ့ သရဲကားလည်း မဟုတ်ပြန်ပါဘူး... တစ်ကွက်ဆိုတစ်ကွက် တီဗွီကြီး ပြေးပိတ်ချင်မိတဲ့ ကားမျိုးမို့လို့ စိတ်လှုပ်ရှားရတာ ကြိုက်တဲ့သူအတွက်တော့ အတော်လေး အရသာတွေ့မယ့်ကားမျိုးပါလို့ ညွှန်းပါရစေ... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Felix Yan ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း