ဇာတ်ကားများ ရွေးရန်

Tabaah

2024ဇာတ်ကားWeb-dl 1080p

အချစ်ကိုရှေ့တန်းတင်ပြီး အချစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ အိန္ဒိယ အချစ်ဒရမ်မာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ တစ်ခဏတာတွေ့လိုက်ရုံမှာပဲ မိန်းကလေးတစ်ဦးကို ချစ်မိသွားတဲ့ အမ်ဘာ။ မိန်းကလေးလိုအပ်ချက်မှန်သမျှကို နောက်ကွက်ကနေတိတ်တဆိတ်ဖြည့်ဆည်းပေးပြီး တိတ်တိတ်လေးချစ်နေရုံနဲ့ ပျော်ရွှင်နေခဲ့တဲ့အမ်ဘာ၊ ချစ်သူကိုငေးကြည့်နေရရုံနဲ့ကျေနပ်နေခဲ့ပြီး ဖွင့်ဟဝန်ခံဖို့ဝန်လေးနေခဲ့တဲ့အမ်ဘာ ချစ်သူကောင်မလေးကလည်းသူချစ်နေတာကိုသိမှာပဲ အချစ်ဆိုတာတစ်ဦးနဲ့တစ်ဦးခံစားနားလည်နိုင်တဲ့အရာလို့ခံယူထားတဲ့အမ်ဘာက တစ်နေ့မှာချစ်သူဖြစ်သူက လက်ထပ်တော့မယ်ဆိုတာကိုသိလိုက်ရတဲ့နောက် ဘဝကြီးက ဘယ်လိုမျိုးပြောင်းလဲသွားမလဲ။ အရမ်းချစ်တတ်တဲ့သူတွေ အချစ်ကိုနောက်တစ်ကြိမ်ပြန်လည်မွေးဖွားတာမျိုးမရှိဘဲ ဒီအချစ်နဲ့ပဲ ဘဝကိုအဆုံးသတ်လိုက်တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားပြီး လွမ်းမောတသဖွယ်ကြည့်ရှုရမယ့် အချစ်ရိုမန့်ဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း