ဇာတ်ကားများ ရွေးရန်

Mount Kawi (Gunung Kawi)

2017ဇာတ်ကားအမှတ် 5/10Web-dl 1080p

လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုများ၊ ယုံကြည်မှုများနှင့် ရိုးရာဓလေ့များကိုအပေါ် အခြေခံထားသော အင်ဒိုနီးရှား ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ဒါရိုက်တာ Dimas Djayadiningrat မှ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒီကာ၊ အာဒစ်၊ အင်ဒက်၊ ဗျူး၊ ရေဗက္ကာဆိုတဲ့ သူငယ်ချင်းတစ်သိုက်ရှိကြပါတယ်။ တစ်နေ့မှာတော့ ဒီကာရဲ့အဖေဟာ သူ့ရဲ့ စီးကရက်စက်ရုံ ဒေဝါလီခံလိုက်ရတာကြောင့် စိတ်ကယောင်ခြောက်ခြားဖြစ်သွားတာကို သူငယ်ချင်းတွေ သိသွားတော့ ဘာဖြစ်လို့လဲဆိုတာ စုံးစမ်းကြည့်လိုက်တော့ ဒီကာအဖေဟာ သူ့စီးပွားရေးအဆင်ပြေဖို့အတွက် ဂူနမ်ကာဝီတောင်မှာ သွားပြီး ကျင့်စဉ်တွေကို ကျင့်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ အဲဒီလို ကျင့်စဉ်တွေကျင့်တဲ့အခါမှာ သက်ဆိုင်ရာ ဆိုင်ရာပိုင်ရာ အစောင့်အရှေက်တွေကို တိုင်တည် ကတိထားပြီး ကျင့်ရတာပါ။ အဲဒီတိုင်တည် ကတိတွေပျက်ခဲ့လို့ စိတ်ကယောင်ခြောက်ခြားဖြစ်ပြီး အရူးတစ်ပိုင်းဖြစ်နေတဲ့ အဖေ့ရောဂါကို ကုသဖို့အတွက် သူငယ်ချင်းတစ်သိုက် ဂူနမ်ကာဝီတောင်ကို သွားဖို့ အတွက် အဲဒီမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ဘန်ဂျိုနိုကို လမ်းပြအဖြစ်ခေါ်သွားရာက လမ်းတစ်ဝက်အရောက်မှာ ဘန်ဂျိုနိုက အပေါ့သွားနေတာကို ကြာတယ်ဆိုပြီး သူ့ကိုထားခဲ့ပြီး သူငယ်ချင်းတစ်သိုက် တောင်ပေါ်ကို ဆက်သွားခဲ့ရာမှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို သည်းထိတ်ရင်ဖိုစွာနဲ့ ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ကြတော့နော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Than Htike Oo ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း