ဇာတ်ကားများ ရွေးရန်

Insurance Jimmy

2024ဇာတ်ကားWeb-dl 1080p

ဂျင်မီဆိုတာက အာမခံလိုက်ရောင်းတဲ့ ကိုယ်စားလှယ်တယောက်။ သူ့မှာ ဗီဗန်ဆိုတဲ့ ညီလေးတယောက်ရယ် နစ်ကီဆိုတဲ့ ချစ်သူကောင်မလေးတယောက်ရယ် ရှိတယ်။ ​မိဘတွေ မရှိတော့ပေမယ့် ဘဝကို ပျော်ပျော်ဖြတ်သန်းနေတဲ့သူတယောက်။ တရက် ညီဖြစ်သူရဲ့မွေးနေ့မှာ ညဘက် အပြင်မှာစားသောက်ပြီးအပြန် လူတယောက်ကို ကားနဲ့တိုက်မိပြီး ​အဲဒီလူသေဆုံးသွားခဲ့ရာက ကံဆိုးမိုးမှောင် ကျခဲ့ပါတယ်။ ဒါပေမဲ့ အလောင်းကို ပိပိရိရိဖျောက်ဖျက်နိုင်ခဲ့ပြီး ရဲတွေကိုလှည့်စားနိုင်ခဲ့ပေမယ့် သူသတ်လိုက်မိတဲ့သူက မူးယစ်ရာဇာရဲ့လူယုံတယောက်ဖြစ်နေပြီး မူးယစ်ရာဇာက သူ့ကိုခြေရာခံ လိုက်လာခဲ့ချိန်မှာတော့ ဘဝက ကပြောင်းကပြန် ပြန်ဖြစ်သွားခဲ့ပြန်ပါတယ်။ ဂျင်မီနောက်ကို ဘာကြောင့် မူးယစ်ရာဇာက အနံ့ခံလိုက်လာတာလဲ။ သူ သတ်လိုက်မိတဲ့သူက ဘာကြောင့် မူးယစ်ရာဇာအတွက် အရေးကြီးနေတာလဲဆိုတာ ဒီရုပ်ရှင်မှာ ဆက်လက်ရှုစားရမှာပါ.. ဒီရုပ်ရှင်မှာလဲ အိန္ဒိယရုပ်ရှင်တွေမှာ တွေ့မြင်နေကျ ရဲတွေရဲ့အကျင့်ပျက်ခြစားမှုတွေ ပူးပေါင်းကြံစည်မှုတွေနဲ့အပြင် ထင်မှတ်မထားတဲ့ အလှည့်အပြောင်းကိုလည်း မြင်တွေ့ရဦးမှာပါ။ ရုပ်ရှင်ဟာ low budget ဂူဂျာရက်ရုပ်ရှင်ဖြစ်ပေမယ့် သူ့အိုးသူ့ဆန် အတိုင်းအထွာထဲက နိုင်သလောက်ကြိုးစားပြထားတဲ့ မှုခင်းရုပ်ရှင်ဖြစ်တာကြောင့် မှုခင်းရုပ်ရှင်တွေသဘောကျတဲ့သူတွေအတွက်တော့ ၂၀၂၄ ခုနှစ်ထွက် ဒီရုပ်ရှင်က ဖျော်ဖြေမှုပေးနိုင်ဦးမှာပါ.. ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Tian ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း