Death Whisperer 2 or Tee yod 2
ထိုင်းသရဲကားတွေထဲမှာ နာမည်ကြီးတဲ့ Tee Yod ခေါ် Death Whisperer လို့လူသိများကြတဲ့ဇာတ်ကားရဲ့ နောက်ဆက်တွဲ Death Whisperer 2 ထွက်ရှိလာခဲ့ပါပြီ။အထူးပြုလုပ်ချက်တွေကောင်းမွန်ပြီး အရမ်းကြီးဖြဲခြောက်စရာမလိုဘဲ ဇာတ်လမ်းဇာတ်ကွက်တွေကလည်းကောင်းတဲ့အတွက်ကြောင့် လူသိများခဲ့တာဖြစ်ပါတယ်။ဒုတိယဇာတ်ကားမှာလည်း IMDb Rating 7.0 အထိရရှိထားပြီးထုံးစံအတိုင်း အရှိန်မကျဘဲ ဆက်ကြည့်လို့ကောင်းနေတုန်းပါပဲ။ဒီဇာတ်ကားနှစ်ကားလုံးရဲ့အဓိကဇာတ်ကောင် မင်းသားကတော့ ရာ့ခ်ဖြစ်ပြီး ပထမကားမှာတုန်းက ရာ့ခ်က သူ့ညီမကိုမကောင်းဆိုးဝါးပူးကပ်တဲ့အတွက် မိသားစုရှိရာအိမ်ပြန်လာပြီး သူ့ညီမကိုကယ်တင်ပေးဖို့ကြိုးစားခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ သရဲကအရမ်းအစွမ်းထက်လွန်းတဲ့အတွက် ညီမဖြစ်သူကိုဆုံးရှုံးလိုက်ရပြီး အဲ့ဒီအချိန်ကစလို့ ရာ့ခ်တစ်ယောက် သူ့ညီမအတွက်လက်စားချေပေးဖို့နဲ့ ကျန်တဲ့မိသားစုဝင်တွေကိုထပ်မနှောင့်ယှက်နိုင်အောင် သရဲမုဆိုးလုပ်နေပြီး အဲ့ဒီသရဲမကိုမြေလှန်ရှာနေခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ ဒွန်ခိုမုတ်ဆိုတဲ့ နာနာဘာ၀တွေ သဘာ၀လွန်အရာတွေကျက်စားတဲ့တောအုပ်ကြီးတစ်ခုထဲမှာ အဲ့ဒီသရဲမကိုနောက်ကွယ်ကထိန်းချုပ်နေတဲ့ဖုတ်ကောင်ရှိမှန်းသတင်းရခဲ့ပြီး ရာ့ခ်နဲ့တခြားသောသူတွေနဲ့အတူတူ အဲ့ဒီတောအုပ်ထဲမှာ ဖုတ်ကောင်ရှာကြပုံတွေ သရဲမကိုနှိမ်နင်းဖို့ကြိုးစားပုံတွေကို စိတ်ဝင်စားစရာဆက်လက်ရှုစားရဦးမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း