ဇာတ်ကားများ ရွေးရန်

Fallen

1998ဇာတ်ကားအမှတ် 7/10Web-dl 1080p

ရဲတပ်ဖွဲ့ရဲ့ဂုဏ်ဆောင် စုံထောက်ဂျွန်​ဟော့ပ်စ်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ရာဇဝတ်သားတစ်ယောက်ဖြစ်တဲ့ ရိစ်ကို ဖမ်းဆီးပြီး သေဒဏ်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ကိုသေဒဏ်ပေးပြီးနောက်မှာလည်း သူ့ရဲ့အရိပ်တွေက ဟော့စ်နောက်ကို လိုက်နေခဲ့တယ်။ အဲ့ဒီလူသတ်သမားရဲ့လမ်းစဉ်တွေအတိုင်း လူသတ်မှုတွေတစ်ခုပြီးတစ်ခု ထပ်ဖြစ်လာတဲ့အခါ ဒီအမှုတွေကို စုံစမ်းရင်းနဲ့ သူဘယ်တော့မှယုံကြည်ဖို့မဖြစ်နိုင်တဲ့အရာတစ်ခုကို ယုံကြည်ခဲ့ရတယ်။ ဒါပေမဲ့ သူ အဲ့ဒါကိုသိလိုက်ရတဲ့အချိန်မှာ သူချစ်ရတဲ့လူတွေက အသက်အန္တရာယ်ရှိနေပြီ။ ဒါကြောင့် သူက သူ့ကိုယ်သူထက် သူ့မိသားစုဝင်တွေကို ကာကွယ်ဖို့အတွက် သူကိုယ်တိုင်တောင်မယုံကြည်နိုင်တဲ့ ဒီထူးခြားဖြစ်စဉ်ကြီးကို လိုက်လံလေ့လာပြီး ဖြေရှင်းနည်းကိုရှာဖွေခဲ့တယ်။ ဂျွန်ဟော့ပ်စ်တစ်ယောက် သူ တိုက်ထုတ်ဖို့ကြိုးစားနေတဲ့အရာကို အနိုင်ယူနိုင်ပါ့မလားဆိုတာကို အက်ရှင်တွေကြားက သည်းထိတ်ရင်ဖိုဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Htwe Htwe ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း