John Q
မိဘတို့ရဲ့ မေတ္တာကိုအပြည့်အဝဖော်ကျူးထားတဲ့ကားမို့ တစ်ခါကြည့်ဖူးရုံနဲ့တော်တော်များများရဲ့နှလုံးသားကို အပြည့်အဝသိမ်းပိုက်ပြီး ထာဝရနီးပါးအမှတ်ရနေနိုင်တဲ့ကားဖြစ်ပါတယ်… ဇာတ်ကားကောင်းဖြစ်သည့်အပြင် ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel Washington ကအဓိက သရုပ်ဆောင်ထားပါတယ်….. ဇာတ်လမ်းအညွှန်းကို အနည်းငယ်ပြောပြရမယ်ဆိုရင်တော့…ဘဝက မွဲတေ၊ ဘဏ်ကတောင် ကားကို လာသိမ်းသွားတဲ့ အဖြစ်၊ အိမ်တောင်မှ ပေါင်ထားရပြီး ဘယ်နေ့ အသိမ်းခံရမယ် မသိ၊အလုပ်ကလည်း Full time ကနေ Part time အဆင့်ကို လျော့ကျ၊ ဒီလောက်မွန်းကြပ်တဲ့ ဘဝထဲမှာမှတစ်ဦးတည်းသော သားလေးက နှလုံးရောဂါနဲ့ နှလုံး အစားထိုးကုသမှ ရတော့မယ့် အဖြစ်၊အာမခံကလည်း ဒီလောက်ထိတော့ အကာအကွယ်မပေးနိုင်ဘူးဆိုပြီး ညစ်ပတ်…ဒီလိုအခြေအနေမျိုးမှာ ရုပ်ရှင်ကြည့်ပရိသတ်တွေဆိုရင်ရော ဘယ်လိုလုပ်မလဲ… ဒီလိုမွန်းကြပ်တဲ့ အခြေအနေဆိုးတွေကြားမှာ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကြူးရင်းမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ရိုက်ပြသွားတဲ့ Denzel Washinton ရဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတော့တယ်… ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Aung Myat Tun ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း