ဇာတ်ကားများ ရွေးရန်

Bat War

2024ဇာတ်ကားWeb-dl 1080p

ဟိုးရှေးရှေးတုန်းက...ထိုင်းဂီတယဥ်ကျေးမှုနဲ့ နိုင်ငံတော်ကိုတည်ဆောက်ချင်တဲ့ခေါင်းဆောင်က ထိုင်းဂီတကို ခွင့်ပြုချက်မရှိပဲ တီးခတ်ခွင့်မရှိကြောင်း ဥပဒေပြဌာန်းလိုက်ပါတယ်။ ခွင့်ပြုချက်မရှိပဲ တီးခတ်သူများကို ထိထိရောက်ရောက်အပြစ်ပေးနေတဲ့အချိန်ဖြစ်ပါတယ်။ ပေါင် ချတ်နဲ့ ကဲဝိုတာတို့ သူငယ်ချင်းသုံးယောက်ဟာ ချတ်အဖေရဲ့ဂီတကျောင်းလေးမှာ ကိုယ်နှစ်သက်တဲ့တူရိယာပညာကို သင်ယူခဲ့ပါတယ်။ အချိန်တန်အရွယ်ရောက်တဲ့အချိန်မှာ ပေါင်က စစ်တပ်ထဲကို ဝင်ရောက်သွားပြီး ချတ်နဲ့ကဲဝိုတာတို့က ဂီတကိုဆက်လုပ်ခဲ့ပါတယ်။ ဗိုလ်မှူးဖြစ်သွားတဲ့ ပေါင်က ထိုင်းဂီတကို တားမြစ်တဲ့ဥပဒေအတိုင်း ဆောင်ရွက်ဖို့ အမိန့်ရလာတဲ့အခါမှာတော့ငယ်စဥ်က သူငယ်ချင်းသုံးယောက်အတူသင်ယူခဲ့တဲ့ဂီတကျောင်းလေးကို ပိတ်သိမ်းဖို့ဖြစ်လာကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ၊ အချင်းချင်း ညှိနှိုင်းမှုရနိုင်မလား၊ ထိုင်းဂီတကို ဆက်လက်ပုံဖော်သွားနိုင်မလားဆိုတာကို ရယ်စရာဟာသဇာတ်ကွက်များ၊ မိသားစုမိတ်ဆွေသူငယ်ချင်းသံယောဇဥ်များနဲ့အတူကြည့်ရှုရမယ့် ထိုင်း Comedy, Romance, Drama ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း