Sumala
Sumala (2024) ဇာကားဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဆီမာရမ် ဒေသက တစ်ကယ့်အဖြစ်အပျက်တစ်ခုနဲ့ ဒဏ္ဝာရီလာ ပုံပြင်တစ်ခုကိုရောနှောအခြေခံထားတဲ့ ဖြစ်ရပ်မှန်တစ်ပိုင်း ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်အဖြစ်အပျက်ကတော့ ၁၉၄၈ ခုနှစ်မှာဖြစ်ခဲ့တာပါတဲ့။ ဆီမာရမ်ဒေသက ဆိုဂျီမန်နဲ့ ဆူလက်စထရီတို့လင်မယားက အိမ်ထောင်သက် ၁၁ နှစ်ရှိပေမယ့် ကလေးမရသေးတော့ စိတ်ညစ်နေကြပါတယ်။ တစ်နေ့မှာ ဆိုဂျီမန်ရဲ့ဦးလေးရောက်လာပြီး သူ့မြေတွေကို ဦးလေးကိုရောင်းဖို့ပြောပါတယ်။ ဒါပေမယ့် ဆိုဂျီမန်က မရောင်းနိုင်ဘူးပြောတော့ သူ့အားနည်းချက်ဖြစ်တဲ့ ကလေးမရသေးတဲ့ကိစ္စကို သရော်သလို လှောင်သလိုလုပ်ပြီး ပြန်သွားပါလေရော့။ ဆိုဂျီမန်လည်း ဦးလေးကိုစိတ်တိုတာနဲ့ မိန်းမဖြစ်သူကိုပါရောပြီး ဒေါသထွက်တာ မင်းကလေးမွေးနိုင်ရင်မွေးနိုင် မမွေးနိုင်ရင် နောက်မိန်းမထပ်ယူမယ်ဆိုပြီး ခြိမ်းခြောက်ပါလေရော့။ သူ့မိန်းမလည်း စိတ်တွေထူပူပြီး အိမ်ပြင်ထွက်လာရာမှာ ခြံထဲကအလုပ်သမားနှစ်ယောက်ပြောသံကြားပြီး အောက်လမ်းဆရာမတစ်ယောက်က ကလေးရအောင် လုပ်ပေးနိုင်တယ်ဆိုတာ သိသွားတယ်။ သူလည်း အဲဒီအောက်လမ်းဆရာမဆီသွားပြီး အကူအညီတောင်းတယ်။ အောက်လမ်းဆရာမက ကလေးလိုချင်တယ်ဆိုရင် ဒီတိုင်းတော့မရဘူး အစီအမံနဲ့အပေးအယူတွေလုပ်ရမယ်။ အမွှာကလေးနှစ်ယောက်မွေးပေးနိုင်မှရမယ်။ တစ်ယောက်က နတ်ဆိုး (မာရ်နတ်)ရဲ့ကလေးဖြစ်ပြီး တစ်ယောက်ကတော့ လူသားကလေးဖြစ်မယ်။ ဒါပေမယ့် နတ်ဆိုး (မာရ်နတ်)ရဲ့ကလေးကိုပါ လူသားကလေးနဲ့တူတူ ညီညီမျှမျှ ၁၀ နှစ်အထိစောင့်ရှောက်ရမယ်လို့ မှာလိုက်တယ်။ အဲလို ညီညီမျှမျှ မစောင့်ရှောက်နိုင်ရင် အဖြစ်အပျက်ဆိုးတွေနဲ့ ကြုံရမယ်လို့ သတိပေးလိုက်တယ်။ ဒီလိုနဲ့ ဆူလက်စထရီမှာ ကိုယ်ဝန်ရှိလာတော့ အမွှာလေးဆိုတာသိပြီးချိန်မှာ နာမည်တွေကြိုပေးထားကြတယ် ကူမာလာနဲ့ ဆူမာလာဆိုပြီးပေးထားတာပေါ့။ မွေးတဲ့နေ့မှာတော့ ကလေးတစ်ယောက်က အင်မတန်ရုပ်ဆိုလွန်းတာကြောင့် ဆိုဂျီမန်ဟာ သူကိုယ်တိုင်ပဲ အဲဒီကလေးကို သတ်ပစ်လိုက်တယ်။ နောက်တစ်ယောက်ကလည်း ကျန်ခဲ့တဲ့ တစ်ယောက်ကလည်း ဒုက္ခိတလေးဖြစ်နေတော့ ရွာထဲက ကလေးတွေကအနိုင်ကျင့်ကြတယ်။ ကျန်ခဲ့တဲ့ ကလေးနာမည်ကို ကူမာလာလို့ပေးထားတယ်။ တစ်နေ့မှာ သေသွားတဲ့ ဆူမာလာက ပြန်ပေါ်လာပြီး သူ့ညီမိကို အနိုင်ကျင့်တဲ့သူတွေကို ဘယ်လို ကလဲ့စားပြန်ချေမလဲဆိုတာ ဇာတ်ကားထဲမှာကြည့်လိုက်တော့နော်။ မှတ်ချက်။ ကလေးသူငယ်များကြည့်မည်ဆိုပါက မိဘများနှင့်သာအတူကြည့်ရှုရန်အကြံပြုပါရစေ။ တစ်ချို့ပြကွက်တွေက တော်တော်ကြောက်စရာ အသည်းယားစရာကောင်းလို့ပါ။ ကြောက်တတ်သူများနှင့် အသည်းငယ်သူများ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်များနှင့်သာကြည့်သင့်ပါသည်။ နှလုံးရောဂါ ရှိသူများ လုံးဝမကြည့်သင့်ပါခင်ဗျာ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Than Htike Oo ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း