ဇာတ်ကားများ ရွေးရန်

The Boy and the Heron

2023ဇာတ်ကားWeb-dl 1080p

ဆေးရုံတစ်ခု မီးလောင်ရာကနေ မာဟီတိုဟာ မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ မိခင်ဆုံးပါးပြီးနောက်ပိုင်း မာဟီတိုအဖေဟာ နောက်အိမ်ထောင်ပြုပြီး တိုကျိုကနေ ထွက်ခွာခဲ့ပါတယ်။ မာဟီတိုဟာ ဖခင်ဖြစ်သူရဲ့ နောက်အိမ်ထောင်ဖြစ်သူ နာဆုကို့အိမ် ပြောင်းလာခဲ့ပါတယ်။ နာဆိုကိုကလည်း မာဟီတိုကို သားအရင်းလေးသဖွယ် ချစ်ခင်ပေးပါတယ်။ မာဟီတို ပြောင်းလာပြီးနောက်ပိုင်း ငဟစ်ငှက်တစ်ကောင်က အစပြုလို့ ထူးဆန်းတာတွေနဲ့ ကြုံရပါတော့တယ်။ မာဟီတိုတစ်ယောက်တဖြည်းဖြည်း နာဆုကိုတို့အိမ်နောက်က မျှော်စင်ကြီးအကြောင်း သိလာရပါတယ်။လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ နာဆိုကိုတို့ အိမ်နောက်က မျှော်စင်ကြီးဟာ အခြားကမ္ဘာတစ်ခုနဲ့ ဘယ်လိုဆက်စပ်နေတာလဲ ဘယ်လိုပဟေဠိတွေနဲ့ ပြည့်နှက်နေလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ taku-chan ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း