ဇာတ်ကားများ ရွေးရန်

Fox & Hare Save the Forest

2024ဇာတ်ကားWeb-dl 1080p

2019 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ လူစိတ်ဝင်စားခံခဲ့ရတဲ့ တီဗီကာတွန်းစီးရီးလေးတစ်ခုရှိပါတယ်။နာမည်ကတော့ Fox and Hare ဖြစ်ပြီး ချစ်စရာကောင်းတဲ့တိရစ္ဆာန်လေးတွေ တစ်ဦးအပေါ်တစ်ဦး အရမ်းချစ်ပြီး ရိုင်းပင်းကူညီကြတဲ့သူငယ်ချင်းတွေအကြောင်းကို ကလေးတွေအတွက်သင့်တော်အောင်ရိုက်ကူးထားပေးတဲ့အတွက် တော်တော်ရေပန်းစားသွားခဲ့ပါသေးတယ်။အခု 2024 ခုနှစ်မှာတော့ ဒီ Series လေးကိုအသက်ပြန်သွင်းတဲ့အနေနဲ့ဇာတ်ကားလေးအနေနဲ့ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကိုတော့ Fox & Hare Save the Forest လို့နာမည်ပေးထားပြီး လက်ရှိ IMDb Rating 6.1 အထိရရှိထားပါတယ်။ဒီဇာတ်ကားလေးရဲ့အဓိကဇာတ်ဆောင်တွေကတော့ ဇာတ်ကားနာမည်အတိုင်း မြေခွေးနဲ့တောယုန်တို့ဖြစ်ပြီး သူတို့က သစ်တောကြီးတစ်ခုထဲမှာ တခြားသောသူတို့ရဲ့ သူငယ်ချင်းတိရစ္ဆာန်လေးတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ ဖျံတစ်ကောင်ပေါ်ထွက်လာခဲ့ပြီး နှစ်ပေါင်းများစွာကြာရှည်အောင် ဆောက်လုပ်လာခဲ့တဲ့ သူ့ရဲ့ရေကာတာကြီးပြီးဆုံးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီရေကာတာကြီးကြောင့် မြေခွေးနဲ့တောယုန်တို့ရဲ့ တောအုပ်လေးမှာရေကြီးတဲ့ပြဿနာတွေကြုံလာရပါတော့တယ်။အဲ့ဒီကိစ္စကိုအရင်ဆုံးသိပြီး စုံစမ်းတဲ့သူကတော့ ညစောင့်ဇီးကွက်ဖြစ်ပြီး နောက်နေ့မနက်မှာပြန်မလာတော့တာကြောင့် မြေခွေးနဲ့တောယုန်တို့အတူလိုက်ရှာကြရင်း ဒီရေကာတာကြီးကိုတွေ့လိုက်ရတဲ့အခါမှာ ဘယ်လိုတွေတုံ့ပြန်ကြမလဲ ဖျံကရောဘယ်လိုကောက်ကျစ်တဲ့စိတ်ကူးမျိုးနဲ့ဒီလိုလုပ်ရပ်မျိုးကိုလုပ်ရတာလဲဆိုတာတွေကို ကလေးတွေတင်မကဘဲ လူကြီးတွေပါ စိတ်ဝင်တစားရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း