Devil in a Blue Dress
နာမည်ကျော်ဟောလိဝုဒ်မင်းသားကြီး Denzel Washington ရဲ့ ငယ်ဘ၀ဇာတ်လမ်းတွေထဲက ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမေရိကန်မှာ လူဖြူလူမည်းခွဲခြားမှုကြီးစိုးထားဆဲကာလမှာ Easy ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့ နီဂရိုးလူငယ်တစ်ယောက်ပေါ့။ နေ့တိုင်း အလုပ်မျိုးစုံကြိုးစားရှာနေရာက ဘားတစ်ခုမှာ Albright ဆိုတဲ့ လူနဲ့ဆုံတွေ့ရာကစလို သူ့ဘ၀ကြီး ပြောင်းလဲဖို ဖြစ်လာခဲ့ပါတယ်။ သူဟာ Albright ရဲ့ ငွေပေးခိုင်းစေချက်အရ လူဖြူအမျိုးသမီးတစ်ယောက်ကို လိုက်ရှာရပါတယ်။ ဒါပေမဲ့ သူထင်သလို မိန်းကလေးတစ်ယောက်ကို ရှာပေးရုံသက်သက်မဟုတ်ဘဲ နောက်ကွယ်မှာ ရှုပ်ထွေးတဲ့ ပြဿနာတွေရှိနေတာကို နောက်ကျမှ သိလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူကိုယ်တိုင်လည်း ပြဿနာထဲ ၀င်မိလျက်သား ဖြစ်နေပါပြီ။ ဒီလိုနဲ့ Easy တစ်ယောက် ဘယ်လိုအရှုပ်အထွေးတွေထဲ ၀င်မိမှာလဲ၊ ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကို ကြည့်ကြရမှာ ဖြစ်ပါတယ်။ အက်ရှင်နဲ့ လျှိဝှက်သည်းဖိုမှာမှ ဟာသနဲ့ ဘ၀ဒဿနတွေပါ ခပ်ပါးပါးလေး ရောနှောထားတာမို အချိန်ပေးကြည့်ဖို တကယ်တန်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း